ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်အား တိုင်းစစ်ဌာနချုပ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်အား တိုင်းစစ်ဌာနချုပ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2026
နေပြည်တော် ဧပြီ ၃၀
ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့သောနေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည် ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင် တော်မူသောနေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အလွန်ပင်ထူးခြား မွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။
မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်ပြီး သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန် များစွာအထောက်အကူပြုခဲ့သည့်အတွက် မဟာ ဗောဓိပင်သည် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါသည်။ ကဆုန်လသည် မြေဓာတ်တွင် ရေပြတ်လပ်သည့် နွေကာလဖြစ်သည့်အတွက် ဗောဓိပင်တော်များကို ကဆုန် ညောင်ရေ သွန်းလောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသော ဘုရားရှင်အား ပူဇော်ရာရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသောနိုင်ငံအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေလျက် တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်သည်။
ကဆုန်ညောင်ရေသွန်းလောင်းခြင်းသည် ညောင်ပင်များကို ညှိုးနွမ်းခြောက်သွေ့ခြင်းမရှိဘဲ ရှင်သန်သကဲ့သို့ ဘုရားရှင်၏သာသနာတော်သည် ရှင်သန်လျက်ရှိနေမည်သာဖြစ်ပါကြောင်းနှင့် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကို အမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်းအာရုံပြု၍ ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် “ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်” ကို အစဉ်အလာအရ ကျင်းပသည့်ပွဲတော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ထိုသို့ ကဆုန်ညောင်ရေ သွန်းလောင်းပွဲများကို မြို့နယ်အသီးသီးရှိ ဘုရားပုထိုးစေတီများ၌ ထုံးတမ်းစဉ်လာများအတိုင်း ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး သတ်မှတ်နေရာများအလိုက် မဟာဗောဓိပင်များကို ညောင်ရေသွန်းလောင်းလှူကြ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။
ထို့ပြင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင်ရွက်ကြလျက် အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၁၂ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
