ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေး
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 07, 2026
နေပြည်တော် မတ် ၆
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် (အမျိုးသား/ အမျိုးသမီး) ဘောလုံးအသင်းမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆောင်ရွက်ခဲ့သော Grassroots Football Festival လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံပေါင်း ၂၀၀ ကျော်ပါဝင်သည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ International Football Program တစ်ခုဖြစ်သည့် Football For Schools Program သည် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအထောက်အကူပေးနိုင်ပါ ကြောင်း။
ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို ပိုမိုမြှင့်တင်နိုင်စေရန် အားကစားကဏ္ဍသည် အရေးပါသည်ဖြစ်၍ ယခုလို အားကစားလှုပ်ရှားဆောင်ရွက်နိုင်ရန် Football For Schools အစီအစဉ် များအရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပံ့ပိုးပေးအပ်သည့် Adidas အမှတ်တံဆိပ်ဘောလုံးများကို လှူဒါန်းပေးသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ကျောင်းများတွင် Football For Schools အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယနေ့အခမ်းအနားသည် မြန်မာ့ဘောလုံးလောကကို မြှင့်တင်ပေးနိုင်ရန် အထောက်အကူပြုသည့် မင်္ဂလာရှိသောနေ့ ဖြစ်ပါကြောင်း၊ လူမှုမိသားစုဘဝကို များစွာမြှင့်တင်ပေးနိုင်ပြီး ဘောလုံးအားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်၍ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံနည်းစနစ်များကို သေသေချာချာ သင်ယူလေ့ကျင့်ပြီးမှ ကစားသွားရန်နှင့် ပညာလည်းတော်၊ အားကစား လည်းတော်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက Football For Schools အစီအစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဦးဇော်ဇော်တို့က Adidas အမှတ်တံဆိပ်ဘောလုံး ၄၂၇၆၀ ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ၏ အပျော်တမ်း Mini Football Game ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၆၂ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
