ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန(၆)ခန်းတွဲဝန်ထမ်းနေအိမ်RC(၃)ထပ်အဆောက်အဦအသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / September 25, 2025


ဘားအံ - စက်တင်ဘာ (၂၅)

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်( ၈၈၁ ဒဿမ ၆ )သန်းဖြင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ (၁၂၀ x ၃၅ x ၃၃ )ပေရှိ (၆)ခန်းတွဲဝန်ထမ်းနေအိမ် RC(၃)ထပ် အဆောက်အဦအသစ် ပန္နက် တော်တင်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းရှိ အဆိုပါအဆောက်အဦတည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။

အဆိုပါအဆောက်အဦကို Maw Pha Maw Kun Co,.Ltd မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသော ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သတ်မှတ် နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကိုစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူ များသည်ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များ၊ဘင်ခရာပန်းပွားအဖွဲ့များ နှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အားကစားကိုလှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်မှုခန္ဓာကိုယ်ကိုစနစ်တကျထိန်းချုပ်နိုင်မှု ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်မှုစသည့် အကျိုးတရားများကို ရရှိခံစားရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအားလုံး ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်း ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းဖြင့် ယှဉ်ပြိုင်အနိုင်ယူကစားကြစေလိုကာ ဒိုင်များ ၏အဆုံးအဖြတ်ကို လိုက်နာ၍ အားကစားသမားကောင်းစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ သည် ပြိုင်ပွဲဘော်လီဘောအသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို အမျိုးသားအသင်း(၁၂)သင်း၊ အမျိုးသမီး(၈)သင်း၊ အားကစားသမားပေါင်း ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် ကရင်ပြည်နယ်လဝကအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပြည်နယ်ပညာရေးအသင်း နှင့်လမ်းဦးစီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကာ အမျိုးသားပြိုင်ပွဲ တွင် ပြည်နယ်လဝကအသင်းကနှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပြည်နယ်ပညာရေးအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပါသည်။

 

သတင်းစာများ - ၃၂၉၆ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download