ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 27, 2026
ဘားအံ - ဖေဖော်ဝါရီ (၂၇)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ရှေ့ဆက်လုပ်ဆောင်မည့်မူဝါဒရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ ကော်မတီအတွင်း ရေးမှူးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးသက်လင်းကယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှခရီးသွားကဏ္ဍဖွံ့ဖြိုးရေးလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်ယခု အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကိုဆွေးနွေးတင်ပြသည်။
ထို့နောက် ကော်မတီဝင်ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းရှင်များက ဟိုတယ်များနှင့်ခရီးစဉ် ဒေသများ မီးဘေးကြိုတင်ကာကွယ်ရေး၊ စိမ်းလန်းစိုပြေသာယာလှပရေး၊ ခရီးသွားများလာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့က သောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ ဣစ္ဆာသယဂူ၊ ကြာအင်းတောင်၊ ဗုဒ္ဓဂါယာ ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာခရီးစဉ်ဒေသများအလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးစေလို သည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ဆက်သွယ်ပေးထားသော ဘားအံ-အိန္ဒု-ဇာသပြင်-မော်လမြိုင်လမ်းပေါ်ရှိ ဂျပန်နိုင်ငံ JICA ODA Loan ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဂျိုင်း(ဇာသပြင်) သံမဏိကြိုးဆိုင်းတံတားသစ် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဂျိုင်း(ဇာသပြင်)သံမဏိကြိုးဆိုင်းတံတားကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင်စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အရှည် ၂၆၁၅ ပေ၊ (၆၈)ပေအကျယ် ၄ လမ်းသွား၊ (၃)ခန်းတွဲသံမဏိကြိုးဆိုင်းတံတားကြီးအား တိုးတက် များပြားလာသော ယာဉ်စီးရေအဆင်ပြေလွယ်ကူစွာသွားလာနိုင်ရန်နှင့် ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန်(၆၀)တန် ကားများ ဖြတ်သန်းသွားလာနိုင်ရန် အဓိကရည်ရွယ်တည်ဆောက်ခဲ့ပြီး တံတားအထူးအဖွဲ့ညွှန်ကြားရေးမှူးချုပ်ဦးကျော်ကောင်းချို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာထွန်း၊ အင်ဂျင်နီယာချုပ်ဦးသိန်းနိုင်တို့က တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တံတားအားဖြတ်သန်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။






သတင်းစာများ - ၃၄၅၄ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
