ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြည့်ရှုအားပေး
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / April 28, 2025

ဘားအံ - ဧပြီ (၂၈)
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာဖူလုံပိုလျှံရေး တွန်းအားပေး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မားကယ် ကျေးရွာ၊ နောင်လုံအနောက်ကွင်းရှိ တောင်သူ(၇)ဦး၏ ဖြစ်ထွန်းအောင်မြင်နေသော နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၃၀)အား သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ တောင်သူများ ဓါတ်မြေဩဇာကုန်ကျစရိတ်သက်သာစေရေးအတွက် သဘာဝမြေဩဇာ စူပါအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲ နည်းများကို လက်တွေ့ပြုလုပ်ပြသခြင်းကို ကြည့်ရှုအားပေးပြီး တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး ဆွေးနွေး ပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြစ်ထွန်းအောင်မြင်နေသော နွေစပါးမျိုးစေ့ထုတ် ဧက(၃၀) အား တက်ရောက်လာသောတောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်က ပြည်နယ်အတွင်းစိုက်ပျိုးရေးဦးစီးဌာနနှင့်မျိုးစေ့ထုတ်လုပ်သူများအသင်းတို့ပူးပေါင်း၍ ပြည်နယ်အတွင်းနွေစပါးမျိုးစေ့ထုတ်ဧကများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)မှ ထွန်စက်ကြီး(၃)စီးဖြင့် ရိတ်သိမ်းပြီးသောစိုက်ဧက များတွင် မိုးကြိုထယ်ရေးလှန်ခြင်းနှင့်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ တောင်သူများက ကုန်ထုတ်လမ်း၊ ကုန်ထုတ်တံတားနှင့် တစ်ကြောင်းထိုးမြေသားလမ်းဖောက်လုပ်ပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများအား မြေပြင်ကွင်းဆင်းတိုင်းတာ တွက်ချက်၍ ပြန်လည်တင်ပြပေးရန်နှင့် အခြားလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဘားအံမြို့နယ်၊ လှာကဒေါင် မွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုအားပေးရာ ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြား ရေးမှူးဒေါက်တာတင်နွယ်ရီက ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း အသား၊ ဥ နှင့် နို့ ထုတ်လုပ်မှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တိုးတက်မွေးမြူထုတ်လုပ်မည့်အခြေအနေများကို ရှင်းလင်း တင်ပြပြီး မွေးမြူရေးတောင်သူများက လျှပ်စစ်မီးတိုးတက်ရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေရယူ၍ တိုးတက်မွေးမြူထုတ်လုပ်နိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူတောင်သူများအား တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို တောင်သူလက်ဝယ်အရောက် ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးဆော်လမန်း၏ အသားစားနွားမွေးမြူရေးခြံ၊ တောင်သူဦးစိုင်းဝင်းအောင်၏ ဥစားကြက်ခြံနှင့် တောင်သူဦးစောသာဘောင်းမိုးကျော်၏ နို့စားနွားခြံတို့ကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကန်သာယာပတ်ဝန်းကျင်ရှိ ရေတွင်း၊ရေကန်များ နွေရာသီခမ်းခြောက်မှုမရှိစေရေး၊ ရေဝေရေလဲစနစ်နှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြည်နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခန့်မှန်းကုန်ကျငွေ ၁၉၆ ဒဿမ ၇ သန်းဖြင့် စက်ယန္တရားများအသုံးပြု၍ ကန်သာယာကန်တူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူးဦးတင်မျိုးလှိုင်က ကန်တူးဖော်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာပတ်လမ်း ချစ်သူလမ်းကြားအား တာဘောင်ဖို့လမ်းအကျယ်ချဲ့ခြင်းနှင့် ကန်သာယာကန်တူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
သတင်းစာများ - ၃၁၅၇ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download