ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေးကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေးကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 19, 2025

ဘားအံ - ဇွန် (၁၉)
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်ချက်ပြည့်မီကျော်လွန်ရေး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့်ဆက်စပ်ဌာနများက တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၊ ကွင်းအမှတ်-၁၂၁၅/က တောင်သူဦးမောင်လင်းအောင်၏ ပိုက်ဆံလျှော်စိုက်ခင်းအတွင်း၌ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သစ်စိမ်းမြေဩဖာ(ပိုက်ဆံလျှော်)ထယ်ထိုး မြေမြုပ်ခြင်း ကွင်းသရု်ပပြပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဝင်းကျန်၊ ဖာလင်-၁၊ ဖာလင်-၂ ကျေးရွာများမှ တောင်သူများက အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)၏ Kubota 50 ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင်များအား ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထယ်ထိုးမြေမြုပ်ခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဓာတ်မြေဩဇာအသုံးပြုမှုကိုလျော့ချ၍ ဈေးနှုန်းသက်သာပြီး ရေရှည်တွင်မြေဆီဩဇာကောင်းမွန်စေသော သဘာဝမြေဩဇာများကို တောင်သူများတွင်တွင် ကျယ်ကျယ် အစားထိုးအသုံးပြုလာစေရန် စူပါဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တက်ရောက်လာသောတောင်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက် တွန်းပြောကြားသည်။
ယင်းနောက် ဝင်းကျန်ကျေးရွာ ကွင်းအမှတ်-၁၂၁၅/ခ၊ တောင်သူဒေါ်ထွေးမြ၏ လယ်မြေ ၅ ဧက၌ မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီးပွား ရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က မိုးစပါးစွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးပြောကြားကာ တောင်သူ များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
သတင်းစာများ - ၃၂၁၀ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
