ကလေးအလုပ်သမားလျှော့ချရေးနှင့် ၎င်းတို့၏အခွင့်အရေးများ ရရှိရေး
ကလေးအလုပ်သမားလျှော့ချရေးနှင့် ၎င်းတို့၏အခွင့်အရေးများ ရရှိရေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 14, 2025

ကလေးဆိုသည်မှာ သင်ယူနေရမည့်အရွယ်ဖြစ်သည်။ ငွေရှာနေရမည့်အရွယ်မဟုတ်။ သို့ဆိုစေကာမူ ကျောင်းနေရမည့်အရွယ်တွင် ကျောင်းမနေနိုင်ဘဲ ဝင်ငွေရရှိရေးအတွက် အလုပ်လုပ်ကိုင်နေ ကြရသည့် ကလေးများစွာ ကမ္ဘာတစ်ဝန်းတွင်ရော၊ မြန်မာနိုင်ငံတွင်ပါ ရှိနေသည်။ ကလေးအလုပ်သမား လျော့နည်းကျဆင်းရေး ကမ္ဘာတစ်ခွင် ကြိုးပမ်းဆောင်ရွက်မှုများသည် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုခန့် မှန်မှန်တိုးတက်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ပဋိပက္ခများ၊ အကျပ်အတည်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် မိသားစုများ ပိုမိုဆင်းရဲနွမ်းပါးခဲ့ကြရခြင်းက ကမ္ဘာတစ်ဝန်းလုံးမှ ကလေးငယ် သန်းပေါင်းများစွာကို ကလေးအလုပ်သမားဘဝသို့ ကျရောက်သွားစေခဲ့သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများသည် ဆင်းရဲနွမ်းပါးသည့် မိသားစုများနှင့် ၎င်းတို့၏ ကလေးအလုပ်သမားများအပေါ် မှီခိုအားထားနေရသည့်အခြေအနေမှ လွတ်မြောက်နိုင်ရန် လုံလောက်သည့်အခြေအနေသို့ ရောက်မလာသေး။ သို့ဖြစ်ရာ ယနေ့အချိန်တွင် တစ်ကမ္ဘာလုံး၌ ကလေးအလုပ်သမားဦးရေ သန်း ၁၆၀ ခန့်ရှိနေပြီး ကလေး ၁၀ ဦးလျှင် တစ်ဦးနှုန်းဖြင့် ကလေး အလုပ်သမားများ ဖြစ်နေကြသည်။ အာဖရိကတိုက်သည် ကလေးအလုပ်သမားရာခိုင်နှုန်း ၂၀ ရှိရာ ကမ္ဘာတွင် အမြင့်ဆုံးဖြစ်ပြီး ကလေးအလုပ်သမားအရေအတွက်အားဖြင့်လည်း ၇၂ သန်း ဖြင့် အမြင့်ဆုံးဖြစ်သည်။ အာရှနှင့် ပစိဖိတ်ဒေသသည် ကလေးအလုပ်သမား ၇ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၆၂ သန်းရှိရာ ဒုတိယအမြင့်ဆုံးဖြစ်သည်။ ကျန်အရေအတွက်များမှာ အမေရိကနိုင်ငံများတွင် ၁၁ သန်း၊ ဥရောပနှင့် ဗဟိုအာရှနိုင်ငံများတွင် ၆ သန်း၊ အာရပ်နိုင်ငံများတွင် ၁ သန်းတို့ ရှိကြသည်။ ကလေးအလုပ်သမားဖြစ်ပွားသည့် ရာခိုင်နှုန်းများအားဖြင့် အမေရိကနိုင်ငံ များတွင် ၅ ရာခိုင်နှုန်း၊ ဥရောပနှင့် ဗဟိုအာရှနိုင်ငံများတွင် ၄ ရာခိုင်နှုန်းနှင့် အာရပ်နိုင်ငံများတွင် ၃ ရာခိုင်နှုန်းရှိသည်။
ဝင်ငွေနည်းသည့်နိုင်ငံများသည် ကလေးအလုပ်သမား ရာခိုင်နှုန်းအမြင့်မားဆုံးဖြစ်သော်လည်း အလယ်အလတ် ဝင်ငွေရှိသည့်နိုင်ငံများတွင် ကလေးအလုပ်သမားအရေအတွက် ပိုမို များပြားနေသည်။ ကိန်းဂဏန်းများအရဆိုလျှင် ကလေးအလုပ်သမားအားလုံး၏ ထက်ဝက်ကျော်ဖြစ်သော ၅၆ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ကလေးအလုပ်သမား ၈၄ သန်းသည် အလယ် အလတ်ဝင်ငွေရှိသောနိုင်ငံများတွင် နေထိုင်သူများဖြစ်ကြပြီး ဝင်ငွေမြင့်နိုင်ငံများတွင် ကလေးအလုပ်သမား၂ သန်းရှိနေသည်ဟု သိရသည်။
မိမိတို့နိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁၂၅ သန်း ခန့်ရှိနေပြီး ပြည်တွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့် နိုင်ငံရေးအကျပ်အတည်းများက ကလေးအလုပ်သမား လျှော့ချရေးဆောင်ရွက်ရာတွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများပင်ဖြစ်သည်။ လက်နက် ကိုင်ပဋိပက္ခဖြစ်ပေါ်နေသည့် ဒေသများတွင် ကျောင်းများ မဖွင့်လှစ်နိုင်ခြင်း၊ အခြေခံပညာသင်ကြားမှုမပြီးဆုံးခင် ကျောင်းထွက်နေကြခြင်းတို့ကကလေးအလုပ်သမားပြဿနာကို ဖြေရှင်းရာတွင် ခက်ခဲနိုင်သည်။ မိသားစုအတွက် တစ်စိတ်တစ်ပိုင်း ဝင်ငွေရရှိရန် အလုပ်လုပ်ကြသည့်ကလေးငယ်များအနက် သုံးပုံတစ်ပုံသည် အိမ်အကူလုပ်ကိုင်ကြရခြင်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် လက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြရခြင်းဖြစ်သည်ဟု လေ့လာချက် တစ်ရပ်ကဆိုသည်။ ၎င်းတို့အနက် အများစုမှာ လုပ်ခနည်းပါးစွာနှင့် အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်နေကြရခြင်းဖြစ်သည်ဟုလည်း အဆိုပါလေ့လာချက်တွင် ဖော်ပြထားသည်။
လက်ရှိမြန်မာနိုင်ငံတွင်ရှိနေသော ကလေးအလုပ်သမားများကို ရေရှည်တွင် လျော့နည်းပပျောက်သည်အထိ လျှော့ချသွားရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ၎င်းတို့၏ လူမှုဘဝများ လုံခြုံရေး၊ ဘေးအန္တရာယ်များ မကျရောက်စေရန် အကာအကွယ်ပေးရေး၊ ၎င်းတို့၏အခွင့်အရေးများ မှန်ကန်စွာရရှိရေး၊ ပညာရေးစနစ်တစ်ခုခုတွင် ပညာသင်ခွင့်ရရှိရေးတို့ကို တာဝန်ရှိသူတို့က အဓိကဦးစားပေး ဆောင်ရွက်ပေးကြရပါမည့်အကြောင်း။
သတင်းစာများ - ၃၁၉၄ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download