ကိုယ့်နိုင်ငံအတွက် တကယ်အလုပ်လုပ်ပေးမယ့်သူတွေကို လူငယ်တစ်ဦးအနေနဲ့ ပါဝင်ဆန္ဒပြုခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်
ကိုယ့်နိုင်ငံအတွက် တကယ်အလုပ်လုပ်ပေးမယ့်သူတွေကို လူငယ်တစ်ဦးအနေနဲ့ ပါဝင်ဆန္ဒပြုခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 29, 2025
မသီသီဝင်း (ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ကျင်းပပြီး မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။
ပြည်သူများ၏ ဆန္ဒမဲများမှတစ်ဆင့်အစိုးရသစ်နှင့် နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ထို့အတွက် ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာဆန္ဒပြုမဲပေးခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ကိုဟန်လင်းနိုင်
(ဉာဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
နိုင်ငံသားတစ်ဦးအနေနဲ့ အခုလိုဆန္ဒမဲပေးခွင့်ရတာ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ပေးလိုက်တဲ့ ဆန္ဒမဲတစ်မဲစီက ကျွန်တော်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ထင်ဟပ် စေပါတယ်။ လွှတ်တော်ကာလ ၅ နှစ်လုံး ကိုယ့်မြို့နယ်အတွက် အမှန်တကယ် အလုပ်လုပ်နိုင်တဲ့သူ၊ ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကိုယ့်ပြည်သူတွေရဲ့အကျိုးကို မြေပြင်ကွင်းဆင်းလေ့လာပြီး လွှတ်တော်အတွင်းကနေ တင်ပြဆွေးနွေးပေးနိုင်မယ်လို့ ယူဆရတဲ့သူကို မဲပေးခဲ့ပါတယ်။ ကျွန်တော်တို့ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲကို ရောက်မယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော်တို့နိုင်ငံအတွက် ခိုင်မာအားကောင်းပြီး စနစ်ကျနတဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ မျှော်လင့်တာကတော့ ‘clean government and good governance’ အစိုးရပါပဲ။
မသီသီဝင်း
(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)
အရင်တုန်းက မဲပေးရတာထက်အခု MEVM စက်နဲ့ မဲပေးရတာက ပိုပြီး အဆင်ပြေလွယ်ကူပါတယ်။ပြီးတော့ ကိုယ်တိုင်ဆန္ဒပြုထားတဲ့ ကိုယ်စားလှယ်တွေ မှန်ကန်မှုရှိ မရှိ ပြန်လည်သိရှိခွင့်ရပါတယ်။ ကိုယ့်နိုင်ငံအတွက် တကယ်အလုပ်လုပ်ပေးမယ့်သူတွေကို လူငယ်တစ်ဦးအနေနဲ့ ပါဝင်ဆန္ဒပြုခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်။ ပြီးတော့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ခွင့်ရတယ်လို့လည်း ခံစားမိပါတယ်။
မမိုးစန္ဒာ
(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)
ကျွန်မက ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်နိုင်ငံအကျိုးအတွက် မဲပေးသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ လာရောက်မဲပေးတာ ဖြစ်ပါတယ်။ မဲပေးရတာလည်း အဆင်ပြေပါတယ်။ မဲရုံမှူးနဲ့ မဲရုံတာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ပေးတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ကျွန်မတို့လို လူငယ်တွေကို ပိုပြီးပါဝင်စေချင်ပါတယ်။ ဒါမှ နိုင်ငံအတွက်၊ လူငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေရဲ့အားနဲ့ ပိုပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
မရတနာလှိုင်
(ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)
မဲပေးဖို့အတွက် သူငယ်ချင်းတွေနဲ့ ကြိုတင်လာရောက်ပြီး စနစ်တကျစောင့်ဆိုင်းခဲ့ပါတယ်။ မဲရုံစတင်ဖွင့်လှစ်တာနဲ့ အစောဆုံးမဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးတဲ့အခါမှာ ဘာဖိအားမှမရှိဘဲ မဲပေး ရပါတယ်။ အခုရွေးကောက်ပွဲမှာ အရင်နှစ်တွေနဲ့မတူဘဲ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) နဲ့ မဲပေးရတဲ့အတွက် ခံစားချက်အသစ်တစ်ခုရပါတယ်။ မြန်မာအီလက်ထရောနစ်မဲပေး စက် (MEVM)နဲ့ မဲပေးတဲ့အခါမှာလည်း ဘယ်လိုမဲပေးရမယ်ဆိုတာကို သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ကြိုတင် ကြည့်ထားတဲ့အတွက် အခက်အခဲမရှိခဲ့ပါဘူး။ ကျွန်မအတွက် ဒီရွေးကောက်ပွဲက ဒုတိယအကြိမ် မဲပေးခွင့်ရတာပဲဖြစ်ပါတယ်။ မဲပေးခွင့်ရတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေနပ်ပီတိဖြစ်မိ ပါတယ်။ နိုင်ငံသားတစ်ယောက် တာဝန် ကျေတယ်လို့လည်း ခံစားရပါတယ်။
မနှင်းခက်ဝေ
(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)
ကျွန်မအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိတာဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးအဖြစ် ပထမဆုံးမဲပေးခွင့်ရတဲ့ အတွေ့အကြုံက ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ မဲပေးပြီးသွားတဲ့အခါ နိုင်ငံအတွက် ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်ပေးရမယ့် တာဝန်ကျေသွားပြီဆိုတဲ့စိတ်နဲ့ ဝမ်းသာပျော်ရွှင်ရပါတယ်။ MEVM စက်နဲ့ မဲပေးရတဲ့အပေါ် ယုံကြည်မှုရှိပါတယ်။
မသဲဆုမြတ်
(ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒဏ္ခိဏသီရိမြို့နယ်)
နိုင်ငံသားတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် လာရောက်မဲပေး ရွေးချယ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မဲရုံမဖွင့်ခင်ကတည်းက ကြိုတင်ရောက်အောင်လာပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ရွေးချယ်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်း က နိုင်ငံနဲ့ ပြည်သူအတွက် သေချာအလုပ်လုပ်ပေးရင် ကျွန်မတို့ အခုလို လာရောက်မဲပေးရကျိုးနပ်ပါတယ်။ဒါကြောင့် ကိုယ်တိုင်သေချာစဉ်းစား ဆန္ဒပြုရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း အနိုင်ရရှိပါစေလို့လည်း ဆုတောင်းပေးပါတယ်။
ဦးစိုးဝင်း
(ဉာဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
မဲရုံကို မနက် ၆ နာရီမှာ ရောက်တဲ့အတွက် မဲလာပေးတဲ့သူ မများသေးလို့ အများကြီးတန်းစီစရာမလိုဘဲ ချက်ချင်းမဲပေးရပါတယ်။ ကိုယ်နှစ်သက်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့်ရလို့ စိတ်ကျေနပ်မှုရှိပါတယ်။ မဲပေးတဲ့အခါမှာလည်း တာဝန်ရှိသူတွေက မဲစာရင်း နံပါတ်စဉ်၊ မှတ်ပုံတင်တွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး လွှတ်တော်တစ်ရပ်ချင်းစီအတွက် မဲထည့်ဖို့အဆင်ပြေအောင် လမ်းညွှန်ပြသပေးတဲ့အတွက် အခက်အခဲမရှိခဲ့ပါဘူး။ အခုလိုနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်မဲပေးပြီး မျှမျှတတထောက်ခံခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်က ကျန်းမာရေးအခြေအနေကြောင့် ကြိုတင်မဲပေးလို့ရပေမယ့် လူအများနဲ့ တန်းတူမဲပေးချင်တာကြောင့် ကြိုတင်မဲမပေးဘဲနဲ့အခုလို ကိုယ်တိုင်ကိုယ်ကျလာပြီး မဲပေးရခြင်းဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုမဲပေးခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ပါတယ်။ နိုင်ငံရဲ့တာဝန်ကို တစ်ထောင့် တစ်နေရာကပါဝင်ပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့ရလို့ ကျေနပ်မိပါတယ်။
ဒေါ်နုနုရီ
(ဗလသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
မဲပေးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ကိုယ့်စိတ်ကြိုက် မဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးရတဲ့အပေါ်မှာ ကျေနပ်မှုရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲနေ့ကို ရောက်ရှိဖို့ မျှော်လင့်နေခဲ့တာပါ။ ကိုယ်နှစ်သက်တဲ့ပါတီ၊ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရတဲ့အတွက် ကျေနပ်မှုရှိပါတယ်။ ကိုယ်မဲပေး လိုက်တဲ့ ပါတီရဲ့ကိုယ်စားလှယ်လောင်းက ကိုယ်နေထိုင်ရာဒေသ၊ ကိုယ့်နိုင်ငံ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပါဝင်ဆောင်ရွက် သွားမယ်ဆိုတာ အပြည့်အဝယုံကြည်ထားပါတယ်။ အခုဆန္ဒမဲပေးပြီးပြီဖြစ်တဲ့အတွက် တာဝန်တစ်ခုဆောင်ရွက်ပြီး သွားတယ်လို့ ခံစားရပါတယ်။
ဦးစိန်လှိုင်
(ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)
ကျွန်တော်က မိသားစုနဲ့အတူမဲလာပေးကြတာပါ။ မဲပေးတဲ့လုပ်ငန်း အဆင့်ဆင့်ကိုလည်း ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက သေချာလေ့လာထားတယ်။ ဒါကြောင့် လွယ်လွယ်ကူကူ မဲပေးနိုင်ခဲ့တယ်။ ဆန္ဒမဲပေးတဲ့အခါမှာတော့ကိုယ့်စိတ်ကြိုက် မဲပေးခွင့်ရခဲ့တဲ့အတွက် ကျေနပ်မှုရှိတယ်။ အခုလို ဆန္ဒမဲပေးပြီးခဲ့တဲ့အတွက် တာဝန်တစ်ခုဆောင်ရွက်ပြီးသွားတယ်လို့ ခံစားရပါတယ်။ ကိုယ်မဲပေးလိုက်တဲ့ ပါတီရဲ့ကိုယ်စားလှယ် လောင်းတွေအနေနဲ့ အနိုင်ရရှိမယ်ဆိုရင် ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ထားပါတယ်။ ကျရာတာဝန်တွေကိုလည်း ကျေပွန်စွာ ထမ်းဆောင်ပေးစေလိုပါတယ်။
ဦးနွယ်ဦး
(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)
အရင်ရွေးကောက်ပွဲတွေမှာလည်း ကျွန်တော် မဲပေးခဲ့ဖူးပါတယ်။ အခု ရွေးကောက်ပွဲမှာတော့ စက်နဲ့ မဲပေးရတော့ လွယ်ကူလျင်မြန်ပြီး ပယ်မဲမရှိတဲ့အတွက် ပိုပြီးအကျိုးရှိပါတယ်။ ပြီးတော့ မဲပေးတဲ့သူအတွက်စက်နဲ့ လွယ်လွယ်ကူကူ မဲပေးနိုင်တော့ အဆင်ပြေပါတယ်။ ဒီစက်အပေါ်မှာလည်း ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲတွေမှာလည်း အချိန်ကုန်သက်သာတဲ့အတွက် ဒီစက်နဲ့ပဲဆောင်ရွက်ပေးမယ် ဆိုရင် ပိုပြီးကောင်းမွန်မှာဖြစ်ပါတယ်။ မဲပေးချင်လွန်းလို့ မိသားစုလိုက် မနက် ၆ နာရီအရောက် ကြိုတင်ရောက်ရှိအောင် လာပြီး မဲလာပေးတာဖြစ်ပါတယ်။ အခုတော့မဲပေးပြီးပြီဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက် တာဝန်ကျေပြီ ဖြစ်ပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို အကျိုးပြုမယ့်သူကို ရွေးချယ်ခွင့်ရတဲ့အတွက် ပိုပြီးအားရကျေနပ်မိပါတယ်။
ဒေါ်လှဝတ်ရည်ထွဋ်
(အမှတ်(၄) မဲရုံမှူး၊ ဥတ္တရသီရိမြို့နယ်)
ဒီနေ့မှာတော့ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် အမှတ်(၄)မဲရုံမှာ မဲရုံမှူးတာဝန် ထမ်းဆောင်ရပါတယ်။ ကျွန်မတို့ မဲရုံမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၂၁၆ ဦးရှိပါတယ်။ ဒီမဲပေးပိုင်ခွင့် ရှိသူတွေအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီး မဲပေးစက်နှစ်လုံးနဲ့ အဆင်ပြေအေးချမ်းစွာ မဲပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ မဲရုံပြင်ဆင် ဆောင်ရွက်ထားရှိမှုအနေနဲ့ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်းမှာရှိတဲ့ ကျန်စစ်သားဆောင်မှာ မဲရုံကို စနစ်တကျပြင်ဆင်ထားရှိပါတယ်။
ဦးတင်ထူးအောင်
(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)
အခုရွေးကောက်ပွဲမှာ အသုံးပြုပေးထားတဲ့ မဲပေးစက်က အဆင်ပြေပါတယ်။ ဒီစက်က privacy လည်းရှိသလို မြန်ဆန်မှုလည်းရှိတဲ့အတွက် အတော်လေး သဘောကျမိပါတယ်။ ကိုယ်တိုင်မဲပေးလိုက်တဲ့ မဲရလဒ်ကလည်း မှန်ကန်ရဲ့ လားဆိုတာ ပြန်လည်ဆန်းစစ်လို့ရတဲ့ အတွက် အင်မတန်ကောင်းပါတယ်။ တာဝန်ရှိသူတွေကလည်း မဲစာရင်းနံပါတ် စစ်ဆေးတာတွေ၊ လိုအပ်တဲ့အချက်အလက် စစ်ဆေးတာတွေကို စနစ်တကျဆောင်ရွက်ပေးပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ခု စလုံးကို လျင်မြန်စွာမဲပေးခွင့်လည်း ရရှိခဲ့ပါတယ်။ ဒီလို ပြည်သူတစ်ဦးအနေနဲ့ မဲပေးခွင့်ရတာဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်ပါတယ်။ အုတ်တစ်ချပ် သဲတစ်ပွင့်ပဲဖြစ်ပါစေ ကိုယ်တိုင်ပါဝင် ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဂုဏ်ယူမိပါတယ်။
ဒေါ်စမ်းစမ်းအေး
(နဝဒေးရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်)
အရင်တုန်းက စာရွက်နဲ့ မဲပေးရတာထက် အခု MEVM စက်နဲ့ မဲပေးရတာ ကွာခြားမှုတွေရှိပါတယ်။ စက်နဲ့ပေးရ တဲ့အတွက် လွယ်ကူမှုပိုရှိပါတယ်။ အရင်က စာရွက်မှာ တစ်ခုခုလိုအပ်ချက်ရှိသွားရင် ပယ်မဲဖြစ်သွားပါတယ်။ အခုကတော့ ကိုယ်နှိပ်လိုက်တဲ့ ခလုတ်အတည်ဖြစ် ရဲ့လား၊ ကိုယ်ဆန္ဒပြုတဲ့အတိုင်း ဖြစ်ရဲ့လားဆိုတာကို ပြန်လည်စစ်ဆေးလို့ရတဲ့အတွက် စက်အပေါ် ယုံကြည်စိတ်ချမှုရှိပြီး အားရကျေနပ်မှုရှိပါတယ်။
ဦးဝင်းမောင်
(ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒဏ္ခိဏသီရိမြို့နယ်)
ကျွန်တော်ကတော့ ရန်အောင်မြင်ကျေးရွာအုပ်စု မဲရုံအမှတ် (၁)မှာ ဆန္ဒမဲပေးခဲ့ပါတယ်။ ပြည်သူလူထုအားလုံးအတွက်၊ နိုင်ငံတော်အတွက် အကျိုးပြုမယ့်သူတွေကို ရွေးချယ်တဲ့ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် စိတ်အားထက်သန်စွာနဲ့ လာရောက်မဲပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲကျင်းပတာဟာ ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံတော်အတွက် ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ပေးတာ ဖြစ်တဲ့အတွက် နိုင်ငံသားတစ်ဦးအနေနဲ့ အားပေးပါတယ်။ အပြည့်အဝထောက်ခံပါတယ်။
အဲဒါကြောင့် မဲရုံဖွင့်တဲ့အချိန်ထက် ကြိုတင်ရောက်ရှိအောင် လာရောက်ပါတယ်။ အခုတော့မဲပေးပြီးပါပြီ။ မဲလာ ပေးတဲ့အခါမှာလည်း အားလုံးလွယ်ကူ အဆင်ပြေချောမွေ့စေဖို့ လုံခြုံရေးကအစ အားလုံးချထားပေးတယ်။ ပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ မဲပေးနိုင်ခဲ့ပါ တယ်။ နိုင်ငံသားတစ်ဦး တာဝန်ကျေပွန် ချင်တဲ့အတွက်ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တိုင်းမှာလည်း မဲပေးခဲ့ပါတယ်။ ကျေးရွာအတွက်၊ နိုင်ငံအတွက်၊ မြို့နယ်အတွက်၊ အကုန်လုံးအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အားစိုက်ကူညီတဲ့အနေနဲ့ ဖြစ်ပါတယ်။
အခုလို ရွေးကောက်ပွဲကနေ ကျွန်တော်တို့ ပြည်သူတွေကတော့အားကိုးပြီး ကိုယ်နှစ်သက်တဲ့ ကိုယ်စား လှယ်လောင်းကို ဆန္ဒမဲပေးပြီး ရွေးချယ်ပေးလိုက်ပါတယ်။ ဒီကိုယ်စားလှယ် လောင်းတွေအနေနဲ့ အနိုင်ရရှိတဲ့အခါ ပြည်သူတွေအပေါ် ပြန်ပြီးတော့ ကူညီပေးပါ၊ စောင့်ရှောက်ပေးပါလို့ ပြောချင်ပါတယ်။
ဦးစောအုံပွင့် (ဒဏ္ခိဏသီရိရပ်ကွက်၊
ဒဏ္ခိဏသီရိမြို့နယ်)
ပြည်သူက တင်မြှောက်တဲ့အစိုးရ တစ်ရပ်ပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီးတော့ လာရောက်မဲပေးတာ ဖြစ်ပါတယ်။ မြန်မာအီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးရွေးချယ်ရတဲ့အတွက် ပိုပြီးတော့ မြန်ဆန်အဆင်ပြေပါတယ်။ မိမိရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်အနိုင်ရရှိခဲ့ရင် ဒေသမှာဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို တင်ပြခွင့်ရမယ်။ မဲပေးရွေးချယ်တဲ့နေရာမှာ တကယ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။
ဦးစန်းတင်
(ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒဏ္ခိဏသီရိမြို့နယ်)
မဲရုံတာဝန်ရှိသူတွေက မနက် ၆ နာရီထိုးတာနဲ့ မဲပေးလို့ရပြီလို့ ကြေညာပေးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အခုလိုဆန္ဒမဲပေးခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ လိုချင်တောင့်တတဲ့ ဆန္ဒမဲပေးပိုင်ခွင့်အားလုံးဟာခုမှ ပြည့်မြောက်ပါတယ်။ ပြည်သူတိုင်း ပြည်သူတိုင်းက စိတ်အေးအေးချမ်းချမ်းနဲ့ နေရဖို့အတွက် နိုင်ငံနဲ့ ပြည်သူအတွက်တကယ် အလုပ်လုပ်ပေးမယ့်သူ လိုချင်ပါ တယ်။ ဒီအတွက် အခုလိုရွေးကောက်ပွဲ ကနေ ကိုယ့်စိတ်ကိုယ့်ဆန္ဒနဲ့အညီ ကိုယ်စားလှယ်လောင်းကို မဲပေးရွေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်။ မြန်မာအီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးရွေးချယ်တဲ့အခါမှာလည်း မြန်ဆန်ပြီး ယုံကြည်ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအားလုံးကို ပြည်သူကိုယ်စားထမ်းဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ဦးကိုရွေးချယ်မဲပေးခဲ့ပါတယ်။
သတင်းအဖွဲ့
သတင်းစာများ - ၃၃၉၄ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
