ကော့တရုတ်ရကျေးရွာအုပ်စု ပညာဝတ်ရည်စာကြည့်တိုက်နှင့် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / December 14, 2024


ကော့တရုတ်ရကျေးရွာအုပ်စု ပညာဝတ်ရည်စာကြည့်တိုက်နှင့် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်

ဘားအံ-ဒီဇင်ဘာ (၁၄)

            (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ကော့ တရုတ်ရ ကျေးရွာအုပ်စု၊ ပညာဝတ်ရည်စာကြည့်တိုက်နှင့် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ က အဆိုပါ အဆောက်အဦးများရှေ့၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော့တရုတ်ရကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပညာဝတ်ရည်စာကြည့်တိုက်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး  စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြသည်။

            ပညာဝတ်ရည်စာကြည့်တိုက်အဆောက်အဦကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကျပ်သိန်း(၄၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း(၂၀) စုစုပေါင်းငွေကျပ်သိန်း(၆၀)ဖြင့် တည်ဆောက်ခဲ့ပြီး စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါအဆောက်အဦအား ပြုပြင်မွမ်းမံပြင်ဆင် ဆောင်ရွက်၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်အတွင်းလှည့်လည် ကြည့်ရှု၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ တို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော့တရုတ်ရကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တို့က အုပ်ချုပ်ရေးမှူးရုံးသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အဆိုပါ အဆောက် အဦအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြပြီး ရုံးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            အုပ်ချုပ်ရေးမှူးရုံးသစ်သည် အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၅)ပေရှိ RC တစ်ထပ်အဆောက်အဦ ဖြစ်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ဦးဆောင်စီမံမှုဖြင့် ငွေကျပ်သိန်း(၂၀၀)အကုန်အကျခံတည်ဆောက်၍ ယနေ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

            ထို့နောက် ကော့တရုတ်ရကျေးရွာအုပ်စု ပညာဝတ်ရည် စာကြည့်တိုက်နှင့် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အသိပညာဗဟုသုတိုးပွားစေရန်၊ စာဖတ်ရန်ကိစ္စရပ်များအပါ အဝင် ကျေးရွာ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးစသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တိုင်ပင် ဆွေးနွေးနိုင်ရန် ကျေးရွာလူထုလိုအပ်သည့်ဝန်ဆောင်မှုများပေးနိုင်ရန် စာကြည့်တိုက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံး ရေရှည်တည်တံ့ခိုင်မြဲအောင် စာအုပ်စာစောင်များစနစ်တကျငှားရမ်းဖတ်ရှုနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် စေတနာရှင်အလှူရှင်များက ပညာဝတ်ရည်စာကြည့်တိုက်အတွက် ငွေပဒေသာပင် စုစုပေါင်း ၄၃ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ပြီး ပညာဝတ်ရည်စာကြည့်တိုက်နှင့် အုပ်ချုပ်ရေးရုံးသစ် အဆောက်အဦများ တည်ဆောက်ခြင်းအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ရသစာအုပ်စာစောင်ပေါင်း ၁၀၀ အုပ် ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ပြီး ကော့တရုတ်ရကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပညာဝတ်ရည်စာကြည့်တိုက်နှင့်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်တည်ဆောက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

သတင်းစာများ - ၃၄၇၅ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download