ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး တမံအတွင်း ကန်ရေပြည့်အမှတ်အထက် သိုလှောင်ထားရှိပြီးဖြစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 03, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို့ သိုလှောင်ထားရှိပြီးဖြစ်ရာ တာဘိုင် Unit(1) နှင့် (2) လည်ပတ်ကာ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဧကပေ ၃၅၀၀၀၀ ခန့် သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းအနေဖြင့် လျှပ်စစ် တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ် စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့သို့ ရေကူဖြည့်သွင်းပေးနိုင်မည်ဖြစ်၍ အဆိုပါရေလှောင် တမံနှစ်ခုတို့မှ ရေအားလျှပ်စစ် ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ကာ ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာ ဧက ၁၂၀၀၀၀ ခန့်၌ သီးထပ်စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ရေအားလျှပ်စစ်စက်ရုံလုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တမံကြံ့ခိုင်ရေးနှင့် ရေအားလျှပ်စစ်စက်ရုံလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် အင်ဂျင်နီယာလုပ်ငန်းများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးရန် သက်ဆိုင်ရာပညာရှင်များ၊ ဌာနအဖွဲ့အစည်းများ ကြိုးပမ်းဆောင်ရွက်ရေးမှာကြားပြီး ရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြောင်းသီးနှံစိုက်တောင်သူများအား တွေ့ဆုံ၍ စီမံကိန်းဧရိယာအနီးရှိ ကျိုင်းခမ်း၊ မက်မီး၊ ဟိုနားကျေးရွာများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ အစဉ်သဖြင့် ရရှိစေရန် ရေရှိရေးဆောင်ရွက်ပေးသွားမည့်အခြေအနေနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အစီအမံများကို ရှင်းလင်းဆွေးနွေးပြီး ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူ့ဝင်ငွေတိုးပွားရေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၀၀ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download