ကျောင်းပြင်ပ ပညာရေး ပိုမိုလွှမ်းခြုံဆောင်ရွက်
ကျောင်းပြင်ပ ပညာရေး ပိုမိုလွှမ်းခြုံဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2026
ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ နိုင်ငံကို အကောင်အထည်ဖော်တည်ဆောက်ကြရာတွင် နိုင်ငံသူ နိုင်ငံသားများမှာ အဓိကဖြစ်ရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ပြည့်စုံပြီး စဉ်းစားတွေးခေါ်မှု မြင့်မားသည့် နိုင်ငံသူနိုင်ငံသားများ အရေအတွက်အားဖြင့်လည်း အများအပြားရှိနေဖို့လိုသည်။ သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းလုံးတွင် ပညာရည်မြင့်မားတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုပညာရှင်များ ထွန်းကားရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော်အားပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသားတို့၏ စာတတ်မြောက်မှု၊ ကျောင်းတက်ရောက်နိုင်မှုတို့တွင် သိသာထင်ရှားသော တိုးတက်မှုကို တွေ့မြင်ရကြောင်းသိရှိရသည်။ ပြည်ထောင်စုအဆင့်တွင် အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိ၍ တွက်ချက်နိုင်မှုနှုန်းမှာ ၉၂ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ အသက် ၃ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူဦးရေ ၁ဝ ဒသမ ၅ သန်း ရှိသည့်အနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းသည် လက်ရှိကျောင်းတက်ရောက်နေကြပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကျောင်းတက်ရောက်ခဲ့ဖူးသူများဖြစ်ကြသည်။ ၉ ဒသမ ၈ ရာခိုင်နှုန်းသည် လုံးဝကျောင်းမနေဖူးသူများဖြစ်ကြသည်ဟုသိရသည်။ လုံးဝကျောင်းမနေဖူးသူများသည် မြို့ပြတွင် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်တွင် ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိနေခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံး အသက် ၁၅ နှစ်အရွယ်လူဦးရေ ၅ ဦးတွင် ၃ ဦးသာ လက်ရှိကျောင်းတက်ရောက်နေပြီး အသက်၂၀ အရွယ် လူဦးရေ ၆ ဦးတွင် ၁ ဦးသာ ပညာဆက်လက်သင်ကြားလျက်ရှိသည်။ ကျောင်းဆက်မနေရခြင်း၏ အဓိကအကြောင်းရင်းမှာ မိသားစုတာဝန်များ/ အိမ်အလုပ်များကူညီရခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ အလုပ်လုပ်ကိုင်ရန်လိုအပ်လာခြင်း၊ မကျန်းမာခြင်း၊ စာသင်ရန်စိတ်မဝင်စားခြင်း၊ အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ လမ်းခရီးမလုံခြုံခြင်း စသည်တို့ကြောင့်ဖြစ်သည် ဟုလည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြေခံပညာရေးကို ဆုံးခန်းတိုင်မသင်ကြားခဲ့ရသူများ အခြေခံပညာရေးအဆင့် ပြီးမြောက်စေရန် ကျောင်းပြင်ပမှ ပညာသင်ကြားလိုသူများအတွက် ဆောင်ရွက်သည့် ကျောင်း ပြင်ပ အလယ်တန်းပညာရေးကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြို့နယ် ၂၉ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၂၆၁၅ ဦးဖြင့် ဆောင်ရွက်နေပြီး ကျောင်းပြင်ပပညာရေးမှ ကျောင်းပညာရေး သို့မဟုတ် နည်းပညာနှင့် သက်မွေးပညာရေးသို့ ကူးပြောင်း နိုင်သည့် တန်းညှိပညာရေးအစီအစဉ်များကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။ ကျောင်းပြင်ပပညာရေးသည် ပညာရေးကိုလိုလားပါလျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ဆုံးရှုံးနေရသူများအား ပညာသင်ယူခွင့် အခွင့် အလမ်း ဖော်ဆောင်ပေးသည့် ပညာရေးအစီအစဉ်ကောင်းတစ်ခု ဖြစ်သည်။ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၄-၂၀၂၅ ပညာသင်နှစ်အထိ ကျောင်းပြင်ပ မူလတန်းကလေးငယ် ၅၄၂၈၀၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး ကလေးငယ် ၁၉၉၉ ဦး ပညာသင်ယူခွင့်ရခဲ့ကြသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကျောင်းပြင်ပ မူလတန်းမှစတင်ကာ အခြေခံပညာအထက်တန်းအထိတက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ရာ ကျောင်းသူကျောင်းသားတစ်ဦး ချင်းစီအတွက်ရော နိုင်ငံတော်အတွက်ပါ များစွာအကျိုးဖြစ်ထွန်း စေခဲ့သည်။
သို့ဖြစ်ရာ ပညာလိုလားပါလျက် အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကိုကျောခိုင်းခဲ့ရသော လူငယ်များအတွက် ကျောင်းပြင်ပပညာရေးအစီအစဉ်၊ တန်းညှိပညာရေး အစီအစဉ်၊ နည်းပညာနှင့် သက်မွေးပညာရေးအစီအစဉ်တို့ကို ကျောင်းပြင်ပမှ ပညာသင်ကြားလိုသူများ ဆက်လက်သင်ကြားနိုင်ရေး ပိုမိုလွှမ်းခြုံဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပိုမိုပြုစုပျိုးထောင် မွေးထုတ်ပေးကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၄၀၇ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
