ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ပြည်တွင်းရှိ ကျေးရွာပေါင်း ၂၅၀ တွင် ဆောင်ရွက်နေ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2025
image_latest


နေပြည်တော်  အောက်တိုဘာ ၂၁

ကျေးရွာသစ်လှုပ်ရှားမှု  စီမံကိန်းတွင်ပါဝင်သည့်ကျေးရွာများမှ ဝင်ငွေတိုးပွားရေးကဏ္ဍပြပွဲကို ယနေ့တွင် နေပြည်တော်ရှိ  စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရေဆင်း)၌ ကျင်းပသည်။

အဆိုပါပြပွဲတွင် စီမံကိန်းကျေးရွာများဖြစ်သည့် နေပြည်တော် ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာမှ ထုတ်လုပ်သော စပါးမျိုးစေ့အမျိုးမျိုး၊  ရန်ကုန်တိုင်းဒေသကြီး ဝဲကြီးကျေးရွာမှ Recycle အမှိုက်အိတ်နှင့် ဟာလဝါ၊ အုန္နဲကုန်းကျေးရွာမှ ဆပ်ပြာဆီ၊ ပဲခူးမြို့နယ် တောင်သူစုကျေးရွာနှင့် မယင်းရွာမကျေးရွာတို့မှ ဆပ်ပြာဆီအမျိုးမျိုး၊ ပျော်ဘွယ်မြို့နယ်မယ်ဇလီအိုင့်ကျေးရွာမှ ဖိနပ်နှင့် လက်ဆွဲခြင်းအမျိုးမျိုး၊ ကလောမြို့နယ်   လက်ပံပင်ကျေးရွာမှ ထောပတ်သီး၊ နောင်လယ်ကျေးရွာမှ သနပ်ဖက်၊ သာမိုင်းခမ်းကျေးရွာမှ စတော်ဘယ်ရီဝိုင်နှင့်ဂျင်းလက်ဖက်ရည် ထွက်ကုန်၊ တောင်ကြီးမြို့နယ် ဘန်းကန်နှင့်  လူရိုးတောင်ကျေးရွာတို့မှ မြန်မာမျိုးရင်းကြက်သွန်ဖြူ၊ ညောင်စဉ်ကျေးရွာနှင့် ကျောက်စုကျေးရွာတို့မှ ထောပတ်သီးထွက်ကုန်များကို ပြသကြသည်။

လက်ရှိတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ပြည်တွင်းရှိကျေးရွာပေါင်း ၂၅၀ တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ပြပွဲနှင့်အတူ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍ၊ ဝင်ငွေတိုးပွားရေးကဏ္ဍတို့တွင် အကောင်းဆုံးဆောင်ရွက်နိုင်သည့်ကျေးရွာများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနသည် ပြပွဲနှင့်အတူ ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း (၁/၂၀၂၅) ကို စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရေဆင်း)၌  ယနေ့ဖွင့်လှစ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ခံများ၊  စီမံကိန်းဝင်ကျေးရွာ ၄၄  ရွာမှ ကျေးရွာခေါင်းဆောင်များ၊ တောင်သူများတက်ရောက်ကြသည်။     

သတင်းစဉ်

သတင်းစာများ - ၃၃၂၇ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download