ကျွန်တော်တို့က အရာရာကို အသစ်နဲ့သွားရမယ့်အချိန် ရောက်ရှိလာပါပြီ။ အစိုးရအဖွဲ့အစည်းမှာ တာဝန်ယူကြမယ့်သူတွေအတွက် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေက သဲတစ်ပွင့်ဖြစ်ခဲ့ရင် ကျေနပ်ပါတယ် ...
ကျွန်တော်တို့က အရာရာကို အသစ်နဲ့သွားရမယ့်အချိန် ရောက်ရှိလာပါပြီ။ အစိုးရအဖွဲ့အစည်းမှာ တာဝန်ယူကြမယ့်သူတွေအတွက် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေက သဲတစ်ပွင့်ဖြစ်ခဲ့ရင် ကျေနပ်ပါတယ် ...
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2026
ဦးညိုအုန်းမြင့် (အကြံပေး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့)
နေပြည်တော် မတ် ၁၄
မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နှစ်ရက်တာကာလ ဖိုရမ်မှရရှိခဲ့သည့် အသိအမြင်၊ ဗဟုသုတ၊ အကြံပြုချက်၊ သုံးသပ်ဆွေးနွေးချက်များက အခြေခံမျှသာဖြစ်သော်လည်း မိမိတို့အတွေ့အကြုံများနှင့်ပေါင်းစပ်၍ ဆက်လက်ဆောင်ရွက်သွားပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်ပေမည်။ ပါဝင်ဆွေးနွေးပေးကြသည့် ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်သူများ အားလုံးတွင် နိုင်ငံကို ပိုမိုတိုးတက်ကောင်းမွန်စေလိုသည့် တူညီသောစိတ်စေတနာကို အထင်းသားမြင်တွေ့ရပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစွာ ရှေ့ဆက်နိုင်ရန် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ရာ တက်ရောက်လာသူများ၏ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ရပါသည် -
ဦးညိုအုန်းမြင့် အကြံပေး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့
ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲက အနာဂတ်မှာ နိုင်ငံကို ဘယ်လိုဆက်လက်သွားမယ်ဆိုတာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို လမ်းညွှန်သွားပါတယ်။ ကျွန်တော် သဘာပတိအဖြစ် ဆောင်ရွက်မယ့်အစီအစဉ်မှာ ဒစ်ဂျစ်တယ်စီးပွားရေးကို ဘယ်လိုဖော်ဆောင်ကြမလဲ၊ လူသားအရင်းအမြစ်တွေကို ဒီထက်ပိုပြီးအကျိုးရှိအောင် ဘယ်လိုလုပ်မလဲ၊ အစိုးရသစ်နဲ့ လွှတ်တော်အသစ် အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုသွားကြမလဲဆိုတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက အသိအမြင်ဗဟုသုတများတဲ့သူတွေဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရှင်တွေက ဘက်ပေါင်းစုံက အသိပညာတွေကို မျှဝေပေးကြတဲ့ ဖိုရမ်ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အတွေ့အကြုံ၊ အတွေးအမြင်တွေကို အမြဲတမ်းလေ့လာ သင်ယူနေရပါတယ်။ နိုင်ငံအတွက် အကျိုးရှိမယ့် စိုက်ပျိုးရေး၊ စီးပွားရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး စသဖြင့်ကဏ္ဍစုံမှာ နိုင်ငံတကာပညာရှင်တွေရဲ့ အကြံပြုချက်တွေ၊ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်တွေကနေ အကျိုးရှိရှိ အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင် ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိလာပါပြီ။ ကျွန်တော်တို့က အရာရာကို အသစ်နဲ့သွားရမယ့်အချိန် ရောက်ရှိလာပါပြီ။ အစိုးရအဖွဲ့အစည်းမှာ တာဝန်ယူကြမယ့်သူတွေအတွက် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေက သဲတစ်ပွင့်ဖြစ်ခဲ့ရင် ကျေနပ်ပါတယ်။ အသစ်တစ်ခုကိုသွားဖို့ ဒီဖိုရမ်က ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်ခုကို ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်၊၊
ဒေါက်တာနိုင်ဆွေဦး ဒါရိုက်တာ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့
အခွင့်အလမ်းနှင့်စိန်ခေါ်မှုအပိုင်း(၂)မှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကနေ စက်မှုစီးပွားကူးပြောင်းရာမှာ အခွင့်အလမ်းတွေ၊ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍ၊ လုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံအတွက်အရေးကြီးတဲ့ စွမ်းအင်ကဏ္ဍကိုလည်း ဆွေးနွေးခဲ့ပါတယ်။ မကြာခင်စတင်တော့မယ့် လွှတ်တော်ကို တက်ရောက်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ပညာရှင်တွေက လေ့လာထားတဲ့ အတွေ့အကြုံ၊ ပညာရပ်တွေ၊ အချက်အလက်တွေ မျှဝေပေးခြင်းအားဖြင့် ဥပဒေပြဋ္ဌာန်း ပြင်ဆင်ရေးကဏ္ဍတွေမှာ အကျိုးပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒီဖိုရမ်ကတစ်ဆင့် ထွန်းလင်းတောက်ပပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒေါ်သိင်္ဂီဝင်းရွှေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ပညာရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ လေ့လာဆည်းပူးထားတဲ့ အသိပညာတွေကို ဆွေးနွေးပြောကြားပေးတဲ့အတွက် ဖိုရမ်ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲကို ကျေးဇူး တင်ပါတယ်။ ဒီဖိုရမ်ကရရှိတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ပြန်လည်အသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါ တယ်။
ရောင်နီသစ်ပြီဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံက ကောင်းတဲ့အလားအလာ၊ အခွင့်အလမ်းတွေအများကြီးရရှိနေပြီဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နိုင်ငံ့ကောင်းကျိုးအတွက် အားလုံးပူးပေါင်းပြီး တက်ညီလက်ညီနဲ့ ကြိုးစားဖော်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း နိုင်ငံရဲ့လိုလားချက်တွေ၊ ဖြစ်နေတဲ့အခင်းအကျင်းတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး အကောင်းဆုံးမှတ်တမ်းရေးထိုးနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဦးသန်းရွှေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒီဖိုရမ်က နိုင်ငံအတွက် အများကြီးအကျိုးရှိပါတယ်၊၊ ပထမနေ့မှာ ပညာရှင်တွေက Green Economy ကနေ စိုက်ပျိုးရေးကိုအခြေခံတဲ့ Land Reform ကို ဆွေးနွေးပေးသွားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တန်ဖိုးရှိပါတယ်။ ကျန်ရှိနေတဲ့ကဏ္ဍတွေမှာလည်း အများကြီးပြောင်းလဲဖို့လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ကြရမှာဖြစ်ပါတယ်။ ဒီဖိုရမ်ကနေ ဗဟုသုတတွေ၊ အတွေးအမြင်သစ်တွေ အများကြီးရရှိတဲ့အတွက် အကျိုးရှိပါတယ်လို့ ပြောချင်ပါတယ်။
ဦးစိုင်းခမ်းလင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဖိုရမ်က နိုင်ငံတည်ဆောက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ သိသင့်သိထိုက်တဲ့ အတွေးအမြင်တွေကို ပြည့်ပြည့်စုံစုံသိရှိစေပါတယ်။ ပြည်တွင်း၊ ပြည်ပပညာရှင်တွေပေးတဲ့ အသိပညာ ဝေမျှမှုတွေက ထိရောက်ပါတယ်။ ဒီလိုဖိုရမ်တွေ မကြာခဏကျင်းပပေးစေချင်ပါတယ်။ ကိုယ်တိုင်လေ့လာတာထက် ပညာရှင်တွေ မျှဝေပေးတာက အသိပညာတွေကို တစ်စုတစ်စည်းတည်းရရှိလိုက်တဲ့အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမယ့်သူတွေဖြစ်တဲ့အတွက် ဒီလိုဖိုရမ်က အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ မိမိရဲ့တာဝန်လို့ ခံယူထားပြီး ပြည်သူကို အကျိုးပြုဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒေါ်နန်းဝိုးစိန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဒီဖိုရမ်က ထိရောက်တဲ့အသိပညာတွေ ရရှိစေပါတယ်။ မြန်မာ့မျက်နှာစာသစ်ဖိုရမ်က ဒေသအားလုံးကို အကျိုးပြုမယ့် ဖိုရမ်တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်ဒေသရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ Telecommunication ကောင်းမွန်ဖို့၊ ဈေးကွက်စီးပွားရေးရရှိအောင် ဆောင်ရွက်နိုင်ဖို့ ဒီဖိုရမ်ကနေ အသိပညာတွေရရှိပါ တယ်။ ကျွန်မတို့ ရှမ်းပြည်နယ်နဲ့ အနီးစပ်ဆုံးက ထိုင်းနဲ့တရုတ်နိုင်ငံဖြစ်ပါတယ်။ ဆွေးနွေးချက်တွေကနေ ငွေကြေးလဲလှယ်မှုနဲ့ တရားမဝင်ဖြစ်နေတဲ့ကိစ္စတွေ၊ ငွေလွှဲပြောင်းမှုတွေကို တရားဝင်ဆောင် ရွက်နိုင်တယ်ဆိုတာကို သိရှိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အမေးအရေး-သန့်ကျော်စွာ ဓာတ်ပုံ-အောင်မင်းသန်း
သတင်းစာများ - ၃၄၇၀ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
