ကျွန်မအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိတာဖြစ်ပါတယ်။ နိုင်ငံအတွက် ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်ပေးရမယ့် တာဝန်ကျေသွားပြီဆိုတဲ့စိတ်နဲ့ ဝမ်းသာပျော်ရွှင်ရပါတယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 29, 2025
image_latest


မနှင်းခက်ဝေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ယနေ့ နံနက် ၆ နာရီမှစတင်ကာ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းမှ မဲဆန္ဒရှင် ပြည်သူများသည် သက်ဆိုင်ရာ မဲရုံများသို့ လာရောက်၍ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။ ထိုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာ ဆန္ဒပြုမဲပေးခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပြည်သူများ၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားအမြင်များကို စုစည်း ဖော်ပြအပ်ပါသည်။

မရတနာလှိုင်(ရွာကောက် ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)

မဲပေးဖို့အတွက် သူငယ်ချင်းတွေနဲ့ ကြိုတင်လာရောက်ပြီး စနစ်တကျစောင့်ဆိုင်းခဲ့ပါတယ်။ မဲရုံစတင်ဖွင့်လှစ်တာနဲ့ အစောဆုံးမဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးတဲ့အခါမှာ ဘာဖိအားမှမရှိဘဲ မဲပေးရပါတယ်။ အခုရွေးကောက်ပွဲမှာ အရင်နှစ်တွေနဲ့မတူဘဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နဲ့ မဲပေးရတဲ့အတွက် ခံစားချက်အသစ်တစ်ခုရပါတယ်။ မြန်မာအီလက်ထရောနစ် မဲပေး စက်(MEVM)နဲ့ မဲပေးတဲ့အခါမှာလည်း ဘယ်လိုမဲပေးရမယ်ဆိုတာကို သတင်းစာတွေ၊ ရုပ်မြင် သံကြားတွေမှာ ကြိုတင်ကြည့်ထား တဲ့အတွက် အခက်အခဲမရှိခဲ့ပါဘူး။ ကျွန်မအတွက် ဒီရွေးကောက်ပွဲက ဒုတိယအကြိမ် မဲပေးခွင့်ရတာပဲ ဖြစ်ပါတယ်။ မဲပေးခွင့်ရတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေနပ်ပီတိဖြစ်မိပါတယ်။ နိုင်ငံသား တစ်ယောက်တာဝန် ကျေတယ်လို့လည်း ခံစားရပါတယ်။

မနှင်းခက်ဝေ(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

ကျွန်မအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိတာဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးအဖြစ် ပထမဆုံးမဲပေးခွင့်ရတဲ့ အတွေ့အကြုံက ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ မဲပေးပြီးသွားတဲ့အခါ နိုင်ငံအတွက် ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်ပေးရမယ့် တာဝန်ကျေသွားပြီဆိုတဲ့စိတ်နဲ့ ဝမ်းသာပျော်ရွှင်ရပါတယ်။ MEVM စက်နဲ့မဲပေးရတဲ့အပေါ် ယုံကြည်မှု ရှိပါတယ်။

မသဲဆုမြတ် (ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒက္ခိဏသီရိမြို့နယ်)

နိုင်ငံသားတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် လာရောက်မဲပေးရွေးချယ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မဲရုံမဖွင့်ခင်ကတည်းက ကြိုတင်ရောက်အောင် လာပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ရွေးချယ်ခွင့်ရတဲ့ ကိုယ်စား လှယ်လောင်းက နိုင်ငံနဲ့ ပြည်သူ အတွက် သေချာအလုပ်လုပ်ပေးရင် ကျွန်မတို့ အခုလိုလာရောက် မဲပေးရကျိုးနပ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် သေချာစဉ်းစားဆန္ဒပြု ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း အနိုင်ရရှိပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ကိုဟန်လင်းနိုင် (ဉာဏသိဒ္ဓိ ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

နိုင်ငံသားတစ်ဦးအနေနဲ့ အခုလို ဆန္ဒမဲပေးခွင့်ရတာ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ ပေးလိုက်တဲ့ ဆန္ဒမဲတစ်မဲစီက ကျွန်တော်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ထင်ဟပ် စေပါတယ်။ လွှတ်တော်ကာလ ငါးနှစ်လုံး ကိုယ့်မြို့နယ်အတွက် အမှန်တကယ် အလုပ်လုပ်နိုင်တဲ့သူ၊ ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကိုယ့်ပြည်သူတွေရဲ့ အကျိုးကို မြေပြင်ကွင်းဆင်း လေ့လာပြီး လွှတ်တော်အတွင်းကနေ တင်ပြ ဆွေးနွေးပေးနိုင်မယ်လို့ ယူဆရတဲ့ သူကို မဲပေးခဲ့ပါတယ်။ ကျွန်တော်တို့ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲကို ရောက်မယ်။ အဲဒီကနေ တစ်ဆင့် ကျွန်တော်တို့ နိုင်ငံ အတွက် ခိုင်မာအားကောင်းပြီး စနစ်ကျနတဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ မျှော်လင့်တာကတော့ ‘clean government and good governance’ အစိုးရပါပဲ။

မသီသီဝင်း(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

အရင်တုန်းက မဲပေးရတာထက် အခု MEVM စက်နဲ့ မဲပေးရတာက ပိုပြီး အဆင်ပြေလွယ်ကူပါတယ်။ ပြီးတော့ ကိုယ်တိုင်ဆန္ဒပြုထားတဲ့ ကိုယ်စားလှယ်တွေ မှန်ကန်မှု ရှိ မရှိ ပြန်လည်သိရှိခွင့်ရပါတယ်။ ကိုယ့်နိုင်ငံအတွက် တကယ်အလုပ်လုပ်ပေးမယ့် သူတွေကို လူငယ်တစ်ဦးအနေနဲ့ ပါဝင်ဆန္ဒ ပြုခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်။ ပြီးတော့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် ခွင့်ရတယ်လို့လည်း ခံစားမိပါတယ်။

မမိုးစန္ဒာ(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

ကျွန်မက ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်နိုင်ငံအကျိုးအတွက် မဲပေးသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့လာရောက်မဲပေးတာဖြစ်ပါတယ်။ မဲပေးရတာလည်း အဆင်ပြေပါတယ်။ မဲရုံမှူးနဲ့ မဲရုံတာဝန်ရှိသူ အားလုံးက ပူးပေါင်းဆောင်ရွက် ပေးတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ကျွန်မတို့လို လူငယ်တွေကို ပိုပြီးပါဝင်စေချင်ပါတယ်။ ဒါမှ နိုင်ငံအတွက်၊ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေရဲ့ အားနဲ့ ပိုပြီးလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကိုခင်မောင်စိုး(ဉာဏသိဒ္ဓိ ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

လွတ်လွတ်လပ်လပ် မဲပေးခဲ့ရပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို သေချာမဲပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက ပါဝင် ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။‌ ကိုယ်ယုံကြည်အားကိုးလို့ မဲပေးခဲ့တဲ့ပါတီက ကိုယ်စားလှယ် လောင်း အနိုင်ရခဲ့မယ်ဆိုရင် ကျန်းမာရေး၊ စီးပွားရေးက အရေးကြီးတယ်ဆိုပေမယ့် လူငယ်တွေရဲ့ အနာဂတ်ဖြစ်တဲ့ ပညာရေးအပိုင်းကို ပိုပြီးအလေးထားဆောင်ရွက်စေချင်ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နိုင်ငံအတွက်၊ ပြည်သူအတွက် တာဝန်ကျေဖို့ပဲကျန်ပါတော့တယ်။ အားလုံးလည်း တာဝန် ကျေပွန်အောင် ထမ်းဆောင်နိုင် မယ်လို့လည်း မျှော်လင့်ပါတယ်။

ဒေါ်ခင်မာစန်း( ဗလသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်မအတွက် အခုကျင်းပတဲ့ ရွေးကောက်ပွဲအပါအဝင် မဲပေးခွင့်ရတာ သုံးကြိမ်ရှိပါပြီ။ မဲပေးဖို့အတွက် မဲရုံကို နံနက် ၅ နာရီခွဲ ကတည်းက ကြိုတင်ရောက်ရှိခဲ့ တာပါ။ ဒါကြောင့် မဲပေးတဲ့အခါမှာ တန်းစီပြီး မစောင့်ရဘဲ မဲရုံစဖွင့်တာနဲ့ မဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးခွင့် ရတဲ့အတွက် ပျော်လည်းပျော်တယ်။ မဲပေးတဲ့အခါ မှားယွင်းမှုမရှိဖို့ မဲစာရင်းပါမပါ၊ မဲပေးတဲ့အခါမှာ သတိပြုရမယ့်အချက်တွေ၊ စက်နဲ့ ဘယ်လိုမဲပေးရမယ် ဆိုတာတွေ ကို လေ့လာခဲ့ပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ကိုယ် ထောက်ခံတဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ်လပ်လပ်နဲ့ စိတ်ချလုံခြုံစွာ မဲပေးခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ကိုယ်မဲပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းက ကိုယ့်ရဲ့သားသမီးတွေနဲ့အတူ လူငယ်တွေရဲ့ အနာဂတ်ကို မြှင့်တင်ပေးနိုင် မယ်လို့ ယုံကြည်ပါတယ်။

ဦးဇော်ဝင်း(ဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

မဲဆန္ဒရှင် ပြည်သူတစ်ဦးအနေနဲ့ အခုလို မဲပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ စက်နဲ့ မဲပေးရတဲ့အတွက် ရှင်းရှင်းလင်းလင်းနဲ့ ကိုယ်ပေးချင်တဲ့ပါတီနဲ့ ကိုယ်စားလှယ်ကို သေချာပေးခဲ့ရတဲ့အတွက် စိတ်ကျေနပ်မှုရှိပါတယ်။ အခက်အခဲ မရှိပါဘူး။ ဒီနေ့မဲလာပေးတဲ့ ပြည်သူတွေအားလုံးကိုကြည့်မယ် ဆိုရင်လည်း စက်နဲ့မဲပေးတဲ့စနစ်ကို အားပေးထောက်ခံမှုတွေ ရှိတာကို တွေ့ခဲ့ရပါတယ်။ မနက်အစောထပြီး မိသားစုနဲ့လာရောက် အားတက်သရော မဲလာပေးခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံအတွက် အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နိုင် ကြပြီးတော့ တိုင်းကျိုးပြည်ကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဒေါ်ဝါဝါအောင်(အမှတ်(၃) မဲရုံမှူး၊ ဥတ္တရသီရိမြို့နယ်)

ဒီနေ့မှာတော့ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် အမှတ်(၃) မဲရုံ မှာ မဲရုံမှူးတာဝန်ထမ်းဆောင်ရပါတယ်။ ကျွန်မတို့ မဲရုံမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၃၄၃ ဦး ရှိပါတယ်။ ဒီမဲပေးပိုင်ခွင့်ရှိသူတွေ အေးချမ်းစွာ မဲပေးနိုင်ဖို့ ပြည်သူ့လွှတ်တော်အတွက် မဲပေးစက်တစ်လုံးနဲ့ အမျိုးသားလွှတ်တော် အတွက် မဲပေးစက်တစ်လုံး စီစဉ်ထားပါတယ်။

စာရေးဆရာ ရဲမွန်ကျော် (နဝဒေးရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်)

အခုလို MEVM စက်နဲ့ မဲပေးရတာ အားရကျေနပ်မှုရှိပါတယ်။ အရင်မဲပေးခဲ့တုန်းက မဲစာရွက်ပေါ်မှာ ဘောပင်နဲ့ခြစ်ပြီး မဲပေးခဲ့ရတာဖြစ်တဲ့အတွက် မင်စွန်းသွားရင်ဖြစ်ဖြစ်၊ မှားယွင်းစွာ မဲပေးမိရင်ဖြစ်ဖြစ် ပယ်မဲဖြစ်သွားပါတယ်။ အီလက်ထရောနစ် နည်းပညာတွေ အဆင့်မြင့်မားလာ တဲ့အတွက် စက်တွေနဲ့မဲပေးရတဲ့အခါမှာ စက်တွေက မှားယွင်းစရာမရှိတဲ့အတွက် ပိုပြီးသဘော ကျမိပါတယ်။ နိုင်ငံသားတိုင်းက မဲပေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဖြတ်သန်းမှသာ ဒီမိုကရေစီနိုင်ငံနဲ့ လွှတ်တော်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာတွေ၊ သိချင်တာတွေကို ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကနေတစ်ဆင့် နိုင်ငံတော်ကို တင်ပြခွင့်ရမှာ ဖြစ်တဲ့အတွက် ပြည်သူတိုင်း မဲထည့်သင့်ပါတယ်။

ဒေါ်ရွှေဝါ(အမှတ်-၃ ရပ်ကွက်၊ လယ်ဝေးမြို့)

နိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုလာရောက်ပြီးတော့ မဲပေးခွင့်ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်။ မဲဆန္ဒပေးရွေးချယ်ခဲ့တဲ့နေရာမှာလည်း ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည်အားထားလို့ရမယ့် ပါတီက ကိုယ်စားလှယ်ကို ဆန္ဒမဲပေးခဲ့ပါတယ်။ ဆန္ဒမဲပေးတဲ့နေရာမှာလည်း မြန်မာအီလက်ထရောနစ် မဲပေးစက်နဲ့မဲပေးရတာ လွယ်ကူတယ်၊ အဆင်ပြေပါတယ်။ ပိုကောင်း တာက ကိုယ်ရွေးချယ်မဲပေးလိုက် တဲ့ပါတီရဲ့ ကိုယ်စားလှယ် ဟုတ်၊ မဟုတ်ဆိုတာ သိခွင့်ရတာပါ။

ဦးစိုးငြိမ်း(ဒက္ခိဏသီရိရပ်ကွက်၊ ဒက္ခိဏသီရိမြို့နယ်)

လာရောက်မဲပေးရတာ အားလုံးအဆင်ပြေပါတယ်။ မြန်မာအီလက် ထရောနစ်မဲပေးစက်နဲ့ မဲပေးရတဲ့အတွက် ပိုပြီးတော့လည်းတိကျပြီး မြန်ဆန်လာပါတယ်။ ကိုယ်ပေး လိုက်တဲ့ ကိုယ်စားလှယ်လောင်း သေချာလား၊ မသေချာဘူးလားဆိုတာ သိခွင့်ရတဲ့အတွက် တိကျ မှန်ကန်ပါတယ်။ ကိုယ်ရွေးချယ်ချင်တဲ့ ကိုယ်စားလှယ်ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့တယ်။ ဒီကိုယ်စားလှယ်တွေက ပြည်သူ့အကျိုး၊ ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုးအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြည်သူအတွက် အလုပ်လုပ်ပေးရင် ကျေနပ်ပါတယ်။

ဒေါ်သန်းသန်းအေး(ဇီးဖြူကုန်း ကျေးရွာ၊ ဒက္ခိဏသီရိမြို့နယ်)

ဆန္ဒမဲပေးဖို့ နံနက် ၄ နာရီခွဲ ကတည်းက မဲရုံရှေ့ကို ရောက်နေတာပါ။ မဲရုံဖွင့်တာနဲ့ အရင်ဆုံးပေးချင်တာပါ။ နိုင်ငံသားတစ်ယောက် ပီသချင်လို့ဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့အခုလို မဲလာပေးခွင့်ရတာ အင်မတန် ကျေနပ်မိပါတယ်။ နိုင်ငံ့အနာဂတ်အတွက် မဲပေးကြတာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် နိုင်ငံ့တာဝန်ထမ်းဆောင် မယ့်သူတွေကို နိုင်ငံအတွက် ပိုပြီးကောင်းအောင် လုပ်နိုင်မယ့်သူတွေ ဖြစ်ပါစေလို့ ဆုတောင်းပြီး ဆန္ဒအပြည့်နဲ့ လာ‌ရောက်မဲပေးခြင်းဖြစ်ပါတယ်။ ကောင်းသောပြောင်းလဲခြင်းတွေနဲ့ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။

ဆန္ဒမဲပေးတဲ့ လုပ်ငန်းစဉ်အားလုံး အဆင်ပြေပါတယ်။ အခုလို ပြည်သူတစ်ယောက်အနေနဲ့ မဲပေးတဲ့အခါ ကျွန်မတို့အနေနဲ့ လူကိုလည်းကြည့်ပါတယ်။ ပါတီကိုလည်းကြည့်ပါတယ်။ ပြည်သူနဲ့နိုင်ငံအတွက် ကောင်းကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းကို ကြည့်ပြီး မဲပေးရွေးချယ်ခဲ့ပါတယ်။

ဒေါ်သိန်းသိန်း

(ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒက္ခိဏသီရိမြို့နယ်)

ကိုယ့်ရပ်ရွာကို အကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးနိုင်ဖို့အတွက် နံနက် ၄ နာရီခွဲကတည်းက အသင့်ပြင်ဆင်ပြီး ကြိုတင်လာရောက်စောင့်ဆိုင်း နေတာဖြစ်ပါတယ်။ မဲရုံဖွင့်ဖွင့်ချင်း မဲပေးခဲ့တယ်။ မြန်မာအီလက် ထရောနစ်မဲပေးစက်နဲ့ မဲပေးရတာ လွယ်ကူမြန်ဆန် တိကျတဲ့အပြင် ကိုယ်ထည့်လိုက်တဲ့ ကိုယ်စားလှယ်လောင်းစလစ်ကိုလည်း မြင်တွေ့ ခွင့်ရတဲ့အတွက် ဆန္ဒမဲပေးတဲ့ လုပ်ငန်းအားလုံး အဆင်ပြေပါတယ်။

သတင်းအဖွဲ့

သတင်းစာများ - ၃၃၉၄ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download