ကြီးထွားနေသည့် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီဖြင့် နိုင်ငံအတွက် ဝင်ငွေရှာဖွေ
ကြီးထွားနေသည့် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီဖြင့် နိုင်ငံအတွက် ဝင်ငွေရှာဖွေ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2025
ကော်ဖီဆိုင်ယဉ်ကျေးမှုကျယ်ပြန့်လာခြင်းနှင့် တစ်ကမ္ဘာလုံးတွင် ကော်ဖီသောက်သုံးသူ တိုးပွားလာနေခြင်းတို့ကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက်မှာ မောင်းနှင်အားကြီးမားသည့် ကုန်စည်ဈေးကွက်တစ်ခုဖြစ်နေသည်။ လက်ရှိကမ္ဘာ့ကော်ဖီဈေးကွက်သို့ အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံများမှာ ဘရာဇီးနှင့် ဗီယက်နမ်တို့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းများဖြစ်ကြသည့် နက်စ်လေနှင့် စတားဘတ်တို့လည်းပါဝင်သည်။
ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံကျော်ရှိပြီး ဆက်လက်၍ သိသိသာသာ တိုးမည်ဟုခန့်မှန်းထားကြသည်။ အချို့ခန့်မှန်းချက်များအရ လာမည့်ငါးနှစ်တာကာလဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိလာနိုင်သည်။ ကမ္ဘာ့ကော်ဖီဈေးကွက် တိုးတက်မှုကို တွန်းအားပေးနေသည့် မောင်းနှင်အားများမှာ ကမ္ဘာလုံးဆိုင်ရာ စားသုံးမှုမြင့်တက်လာခြင်း၊ ကော်ဖီဆိုင်ယဉ်ကျေးမှုကျယ်ပြန့်လာခြင်း၊ ပရီမီယံကော်ဖီနှင့် အထူးကော်ဖီများ ဝယ်လိုအားတိုးတက်လာခြင်း၊ အွန်လိုင်းရောင်းချမှု ပိုမိုများပြားလာခြင်းတို့ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တစ်ဦးချင်းဝင်ငွေတိုးလာခြင်းနှင့် လူနေမှုပုံစံပြောင်းလဲလာခြင်းတို့ကလည်း ကော်ဖီသောက်သုံးမှုကို မြှင့်တင်ပေးနေသည့် အချက်များတွင်ပါဝင်သည်။ ဥရောပသည် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် အကြီးဆုံးသော စားသုံးသူဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသသည်လည်း မြို့ပြအသွင်ကူးပြောင်းမှုနှင့် လူနေမှုပုံစံများ ပြောင်းလဲမှုကြောင့် လျင်မြန်စွာကြီးထွားလာနေသည့် ဈေးကွက်ဖြစ်သည်။
အာဆီယံဒေသတွင်း နိုင်ငံဖြစ်သော ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းခန့်မှာ ရိုဘတ်စတာ (Robusta) ကော်ဖီဖြစ်သည်။ ဗီယက်နမ်၏ ကော်ဖီထုတ်လုပ်မှုသည် စဉ်ဆက်မပြတ်တိုးတက်နေခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် အထွက်နှုန်းကျဆင်းခဲ့သည်ဟုဆိုသည်။ ဗီယက်နမ်နိုင်ငံသည် ၎င်း၏ကော်ဖီထုတ်လုပ်မှုပမာဏကို ဂရုပြုဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ပြုပြင်ထုတ်လုပ်မှုနည်းပညာသစ်များ သုံးစွဲခြင်း၊ အာရေဘီကာမျိုးကွဲများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် ကော်ဖီအရည်အသွေးမြှင့်တင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကော်ဖီထုတ်ကုန်မှ နိုင်ငံခြားဝင်ငွေရှာဖွေနိုင်ရေးအတွက် လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုမက ကာလကပင် အစိုးရက အားပေးဆောင်ရွက်ခဲ့ပြီး စီမံကိန်းချကာ ကော်ဖီစိုက်ပျိုးရန် မြေနေရာများချထားပေးခဲ့သည်။ သို့ရာတွင် ကော်ဖီလုပ်ငန်းလုပ်ရန်ဟုဆိုကာ မြေနေရာရယူထားသော်လည်း အမှန်တကယ် အပြည့်အဝအကောင်အထည်ဖော် စိုက်ပျိုးခြင်းမရှိသူများလည်းရှိခဲ့သည်။ အကယ်၍သာ ထိုစဉ်ကပင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို အမှန်တကယ်ဆောင်ရွက်ခဲ့မည်ဆိုပါက လက်ရှိကာလတွင် ကော်ဖီထုတ်လုပ်မှု ပိုမိုတိုးတက်သည့် အခြေအနေတစ်ရပ်ကို ရရှိနေမည်ဖြစ်သည်။
မြန်မာ့ကော်ဖီသည် ကမ္ဘာပေါ်တွင် တန်းဝင်သည့်ကော်ဖီဖြစ်သည့်အလျောက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ရန် နိုင်ငံတော်က တွန်းအားပေးလျက်ရှိသည်။ မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆောင်ရွက်ရာတွင် နှစ်အလိုက် ရည်မှန်းချက်များချမှတ်၍ အမှန်တကယ်ပြည့်မြောက်အောင် ဆောင်ရွက်သွားရမည်လည်းဖြစ်သည်။ အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ်၏ကော်ဖီတင်ပို့မှုသည် ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကျော်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ(၇)လတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်အထိ မြင့်တက်လျက်ရှိရာ တကယ် လုပ်လျှင် တကယ်ရသော ဈေးကွက်ကြီးပင်ဖြစ်သည်။ ဗီယက်နမ်သည် ဈေးကွက်၏ စံနှုန်းများနှင့်အညီ ကုန်ပစ္စည်းအရည်အသွေးကို ထိန်းသိမ်းကာ ယခုနှစ်ကုန်တွင် ဒေါ်လာ ၈ ဘီလီယံအထိ မျှော်မှန်းကြောင်းလည်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားစေရန် နိုင်ငံတော်က အဘက်ဘက်မှ ပံ့ပိုးကူညီအားပေးလျက်ရှိရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှ နိုင်ငံအတွက် ဝင်ငွေ တိုးတက်ရရှိရေး အမှန်တကယ် ထိထိရောက်ရောက် ကြိုးပမ်းလုပ်ဆောင်ကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၂၈၇ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download