ခန့်မှန်းငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာသူများနှင့် ဆက်စပ်သူများအား ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဖမ်းဆီးရမိ
ခန့်မှန်းငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာသူများနှင့် ဆက်စပ်သူများအား ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2026
နေပြည်တော် မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အဝင်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သက်ပိုင်စိုးမောင်းနှင်ပြီး ဇော်ထိုက်လိုက်ပါလာသော NISSAN CONDOR အမျိုးအစားမော်တော်ယာဉ်နှင့် မျိုးရဲနိုင်မောင်းနှင်ပြီး ကျော်လင်းလိုက်ပါလာသော GOLDEN TRUCK အမျိုးအစားမော်တော်ယာဉ်တို့အား ရှာဖွေစစ်ဆေးရာယာဉ်များပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုတို့ကိုလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော်မောင်းနှင်ပြီး နေလင်းဦး (ခ) ဆေးဆရာလိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်အား စစ်ဆေးရာ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုကိုလည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဖမ်းဆီးရမိဘိန်းဖြူများကို ကလေးမြို့၌ လက်ခံမည့်သူဖြစ်သည့် ညွန့်တင်အား မွန်းလွဲ ၁ နာရီခန့်တွင် ကလေးမြို့အဝင်၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှ ကလေးမြို့သို့ သယ်ဆောင် ခိုင်းသူနိုင်ဝင်း (ခ) ရုပ်ဆိုးအား ညနေ ၆ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်-အောင်လံ သွားကားလမ်း၊ တီတွတ်ကျေးရွာအနီး၌ TOYOTA HILUX အမျိုးအစားမော်တော်ယာဉ် ၁ စီးနှင့်အတူလည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဆက်စပ်သတင်းများအရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူဘဂျမ်းအား ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်၌ ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဘီလီယံခန့်) ကို ထပ်မံသိမ်းဆည်းရမိကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ခန့်မှန်းငွေကျပ် ၉ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၅၂၁ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
