ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လွယ်ကူလျင်မြန်ချောမွေ့စွာသွားလာနိုင်ရန်အတွက် ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မွမ်းမံဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 28, 2026
image_latest


နေပြည်တော် မတ် ၂၇

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလွယ်ကူလျင်မြန်စေရန် ရထားလမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအား တာပေါင်အကျယ်ကျဉ်းနေသောနေရာများ မြေဖို့ခြင်း၊ တစ်မိုင်လျှင် ကျင်း ၅၀၀ ကျောက် ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစ၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပဲခူး - မော်လမြိုင် ရထားလမ်းအရှည်မိုင် ၁၃၀ ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ ကိုးချောင်းဆက် သံလမ်းလဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ဖြည့်တင်းခြင်း၊ တစ်မိုင်လျှင် ကျင်း ၃၅၀ နှုန်းဖြင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ Auto-matic Levelling Lining & Tamping Machine (ALL-TM)စက်ကြီးဖြင့် လမ်းပက်ကင်ရိုက်ခြင်း၊ လမ်းပိုင်းအချောသတ်ပြုပြင်ခြင်း၊ တံတားများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ပြီး ကျောက်ကျင်းပေါင်း ၂၆၀၂၆ ကျင်း ထပ်မံဖြည့်တင်းနိုင်ခဲ့သည်။

ယခင်က ခရီးအကွာအဝေး ၁၇၆ မိုင်ရှိသော ရန်ကုန်- မော်လမြိုင် ရထားလမ်းခရီးတစ်လျှောက် အများဆုံး ၄၈ ကီလို မီတာနှုန်းဖြင့် ပြေးဆွဲခဲ့ရာမှ အထက်ပါလမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် အများဆုံး ၆၄ ကီလိုမီတာနှုန်းအထိ တိုးမြှင့်လာနိုင်ခဲ့ပြီး ပြေးဆွဲချိန် လျှော့ချနိုင်ခဲ့သည်။

အဆိုပါရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပဲခူး-မော်လမြိုင် လမ်းပိုင်းတစ်လျှောက်ကွေ့ ၅ ဒီဂရီထက် ပိုမိုသောနေရာ ၁၆ နေရာအထိရှိပြီး မိုင်နှုန်းကန့်သတ်ချက်များကြောင့် ပြေးဆွဲချိန်ထပ်မံလျှော့ချနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရတစ်မိုင်လျှင် ကျောက်ကျင်း ၃၅၀ ရှိသည့် နေရာများ ကျောက်ကျင်း ၁၅၀ ထပ်မံဖြည့်တင်းပြီး တစ်မိုင်လျှင် လမ်းခင်းကျောက်ကျင်း ၅၀၀ နှုန်း ပြည့်အောင် ဖြည့်တင်းခြင်းဖြင့် လမ်းပိုင်းအား မိုင်နှုန်းမြှင့်နိုင်ရေးဆောင်ရွက်ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျောက်ကျင်းပေါင်း ၁၃၄၈၉ ကျင်း ထပ်မံဖြည့်သွင်းဆောင်ရွက်နိုင်ခဲ့သည်။

ပဲခူး-မော်လမြိုင် လမ်းပိုင်းအားလုံးအတွက် ထပ်မံ၍ကျောက် ကျင်း ၅၂၇၉ ကျင်း ထပ်မံဖြည့်တင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်မွမ်းမံပြီးစီးပါက အများဆုံး ၇၅ ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲပေးသွားနိုင်မည်ဖြစ်ပြီး ရထားပြေးဆွဲချိန်အား ထပ်မံလျှော့ချပေး နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၈၃ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download