ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၏ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ ကျင်းပ
ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၏ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 07, 2026
နေပြည်တော် မတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၏ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ PTTEP ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒီပလိုမာအောင်လက်မှတ်ရ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် ပထမဆုနှင့် ဒုတိယဆု ရရှိသူတို့အား ဆုချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားပြီး တန်းစဉ်ပေါင်းတွင် တတိယဆုရရှိသူအား ဆုချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းပွဲ ကျင်းပကြောင်းကြေညာပြီး ဒီပလိုမာအောင်လက်မှတ်ရရှိသူ ၃၈ ဦး၊ အဝေးရောက်ယူရန် လျှောက်ထားသူတစ်ဦး စုစုပေါင်း ၃၉ ဦးအား ဒီပလိုမာအောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ ဒီပလိုမာရရှိသူများ စာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပေးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ပထမအကြိမ် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ မိန့်ခွန်းပြောကြားသည်။
ငါးလုပ်ငန်းသိပ္ပံ(တွံတေး) မှ သုံးနှစ်ပြီးမြောက်ပြီး ဒီပလိုမာနောက်ဆုံးနှစ်တွင် ထူးချွန်စွာ အောင်မြင်ပါက ရန်ကုန်တက္ကသိုလ်ရှိ B.Sc (Fisheries and Aquaculture) ဘွဲ့ရရှိရန် တတိယနှစ်သင်တန်းသို့ ဝင်ခွင့်ဖြေဆို၍ ချိတ်ဆက်တက်ရောက်နိုင်မည်ဖြစ်ပြီး သုံးနှစ်ဒီပလိုမာပြီးဆုံးပါကလည်း ငါးလုပ်ငန်းဦးစီး ဌာနတွင် ဒုတိယလက်ထောက်ဦးစီးမှူးအဖြစ် အလုပ်စတင်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၀၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
