ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 21, 2025
image_latest


နေပြည်တော် ဇွန် ၂၀

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဇော်လင်းထွန်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် တိုးတက်မှုအစီရင်ခံစာမူကြမ်းစိစစ် ရေးသားရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုရေးသားတင်ပြရမည့် (၁၅)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအား APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ တိုးတက်မှုအစီရင်ခံစာရေးသားတင်ပြသူများအနေဖြင့် ပြည့်စုံကောင်းမွန်စွာ ရေးသားတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် ရှင်းလင်းစွာရေးသား ပံ့ပိုးပေးရန်နှင့် အစီရင်ခံစာရေးသားရာတွင် အဓိကထည့်သွင်း ရေးသားရန်လိုအပ်သည့်အချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မဟာဗျူဟာနယ်ပယ်(၃)၏ လုပ်ငန်းစဉ် များနှင့် ချိတ်ဆက်ဆောင်ရွက်ချက်များကို လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်က FATF မျက်နှာစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့်အချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့အတွင်းရေးမှူးက FATF မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ သည့်အခြေအနေများ၊ အစည်းအဝေးတွင် ဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်များကို လည်းကောင်း၊ (၁၅)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာရေးသားရာတွင် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ချက်များကို ကိန်းဂဏန်းအချက် အလက်များနှင့် မှုခင်းဖြစ်စဉ်များဖြင့်အဆင့် သတ်မှတ်ချက်တိုးမြှင့်ရရှိရန် ကျန်ရှိနေသည့်လက်ငင်း ရလဒ်တစ်ခုချင်းစီအလိုက် ပြည့်စုံရှင်းလင်းစွာတင်ပြ ရေးသားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မည့်အခြေ အနေများကိုလည်းကောင်း ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ပံ့ပိုးပေးမည့်အချက် အလက်များ၊ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေများကို ပြန်လည်အကဲဖြတ်စိစစ်ပြီး ရလဒ်များကို လုပ်ငန်းအဖွဲ့သို့တင်ပြနိုင်ရေး ဆောင်ရွက်မည့်အချက်များနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၂၀၀ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download