စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) အား ကြည့်ရှုစစ်ဆေး


စက်မှုဝန်ကြီးဌာန/ Ministerial Office / January 24, 2025


နေပြည်တော်၊ ဇန်နဝါရီ (၁၉)
    စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇန်နဝါရီလ (၁၈) ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် အလုပ်ရုံခွဲအသီးသီးမှ တာဝန်ခံအရာထမ်းများအား ထမ်းဆောင်နေသည့် အရာထမ်းများအား တွေ့ဆုံစဉ် စက်ရုံမှူးက လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အောက်ဆီဂျင် ထုတ်လုပ်သောအလုပ်ရုံ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအား ဆောင်ရွက်နေမှုအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
    ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝန်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ်သောအလုပ်ရုံ လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ပြင်ပကျွမ်းကျင်ပညာရှင်များအဖွဲ့ (Third Party) မှ လာရောက်စစ်ဆေးမည် ဖြစ်သဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အမြန်ဆုံးပြီးစီးအောင် အချိန်ဇယားများရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြသွားရန်လိုကြောင်း၊ သို့မှသာ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေသလို တစ်ဖက်မှာလည်း မိမိတို့ကိုင်တွယ်ဆောင်ရွက်ရမည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိအောင် ကြိုတင်လေ့လာထားရမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများအား အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊  ဦးဆောင်ညွှန်ကြားရေးမှူးက စက်ရုံမှူးထံသို့ ပေးအပ်သည်။
    ဒုတိယဝန်ကြီးသည် ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)ရှိ အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံအတွက် လိုအပ်သောရေသန့်စင်ပေးသည့် အလုပ်ရုံများတွင် လုပ်ငန်းဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ အောက်ဆီဂျင် ထုတ်လုပ်သောအလုပ်ရုံတွင် အသုံးပြုမည့်ဆက်စပ်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ အောက်ဆီဂျင် ထုတ်လုပ်သောအလုပ်ရုံ လည်ပတ်နိုင်ရေးအတွက် မြန်မာဘက်မှဆောင်ရွက်ရမည့်လုပ်ငန်း (၄၅)ခုအနက် ဆောင်ရွက် ပြီးစီးနိုင်မည့်လုပ်ငန်းများအား ယခုနှစ်မတ်လမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့်ကျန်လုပ်ငန်းများကိုလည်း သတ်မှတ်အချိန်ဇယားများအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ပြည်ပကျွမ်းကျင်ပညာရှင်များ လာရောက်၍ စက်ပစ္စည်းများအား စစ်ဆေးပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုမရှိစေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရန်၊ ဆက်စပ်ပစ္စည်းများထိန်းသိမ်းထားရှိရာတွင် ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

သတင်းစာများ - ၃၂၈၉ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download