စက်သုံးဆီသုံးစွဲမှုများ မဖြစ်မနေ ချွေတာလျှော့ချ၊ စွမ်းအင်အကျပ်အတည်း ကျော်လွှားရန် ကြိုတင်ပြင်ဆင်
စက်သုံးဆီသုံးစွဲမှုများ မဖြစ်မနေ ချွေတာလျှော့ချ၊ စွမ်းအင်အကျပ်အတည်း ကျော်လွှားရန် ကြိုတင်ပြင်ဆင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2026
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခမှာ ပြီးဆုံးမည့် အရိပ်အယောင်ကို မမြင်ရသေးဘဲ ခန့်မှန်းရခက်နေဆဲအခြေအနေတွင် ရှိနေသည်။ စစ်ပွဲ၏ အကျိုးဆက်ဖြစ်သည့် စွမ်းအင်အကျပ်အတည်းအတွက်လည်း အရှေ့အလယ်ပိုင်းဒေသမှ ရေနံဝယ်ယူတင်သွင်းနေရသည့် နိုင်ငံတိုင်းတွင် စက်သုံးဆီချွေတာသုံးစွဲရေးအစီအမံများ ကိုယ်စီချမှတ်ဆောင်ရွက်နေကြရသည်။
မိမိတို့နိုင်ငံတွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ယခုလ ၇ ရက်မှစ၍ ပုဂ္ဂလိကယာဉ်များသည် လစဉ်စုံရက်များတွင် စုံနံပါတ်အက္ခရာပါ ကားများသာ မောင်းနှင်အသုံးပြုရန်၊ မရက်များတွင် မနံပါတ်အက္ခရာပါ ကားများသာ မောင်းနှင်အသုံးပြုရန် အသိပေးကြေညာခဲ့သည်။ ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုမရှိကြပါရန်၊ အတတ်နိုင်ဆုံး ခြိုးခြံသုံးစွဲခြင်းဖြင့် အားလုံးလုံလောက်စွာ သုံးစွဲနိုင်ရေး ကူညီပေးကြပါရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာ ဝယ်ယူကြပါရန်နှင့် စိုးရိမ်စိတ်ကြောင့်မလိုအပ်ဘဲ အချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်းမပြုကြပါရန်လည်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မေတ္တာရပ်ခံ အသိပေးကြေညာခဲ့ သည်။
သို့ရာတွင် အဆိုပါရက်များအတွင်း တစ်ရက်တည်းမှာပင် နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများရှိခဲ့ခြင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များက မော်တော်ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါ အချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးခဲ့သည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့်လည်း နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက သက်သာသည့်စျေးနှုန်းဖြင့် ပြည်တွင်း၌ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။
စက်သုံးဆီထောက်ပံ့ရေး ကွင်းဆက်များအပေါ် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခ၏ အကျိုးသက်ရောက်မှုများ လျှော့ချရေးအတွက် မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြားမောင်းနှင်အသုံးပြုရေး၊ နေအိမ်မှနေ၍ လုပ်ငန်းများဆောင်ရွက်ရေး၊ နိုင်ငံ့ဝန်ထမ်းများကို အဆိုင်းလိုက် အလှည့်ကျတာဝန်ထမ်းဆောင်ရေး၊ အစည်းအဝေးများကို အွန်လိုင်းဖြင့် ကျင်းပရေး၊ မလိုအပ်ဘဲ ခရီးမသွားရေး၊ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်မှုများမြှင့်တင်ရေး၊ လျှပ်စစ်စွမ်းအင်သုံးယာဉ်များ သုံးစွဲမှုမြှင့်တင်ရေးစသည့် ယာယီအစီအမံများကို အခြားနိုင်ငံများတွင်လည်း ချမှတ်ကျင့်သုံးဆောင်ရွက် နေကြရသည်ကို သတင်းများတွင် တွေ့ရှိရသည်။
မိမိတို့နိုင်ငံ၏ လက်ရှိအနေအထားတွင်မူ နိုင်ငံတော်အစိုးရက စက်သုံးဆီတင်သွင်းရရှိရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ လုံလောက်သော စက်သုံးဆီအရန် ရှိသော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံး၊ ဌာနများမှ အရာထမ်း၊ အမှုထမ်းများ သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက် (ယနေ့) မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားရန် သတ်မှတ်ကြေညာလိုက်သည်။ သတ်မှတ်ကြေညာရခြင်း၏ ရည်ရွယ်ချက်သည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အလျောက် အစိုးရရုံးဌာန အရာထမ်း၊ အမှုထမ်းများ အဆိုပါနေ့တွင် ယာဉ်သုံးစွဲမှုမပြုကြရန် သတိပြုကြဖို့လိုသည်။ ပုဂ္ဂလိကလုပ်ငန်းများသည်လည်း work from home လုပ်ဆောင်မှုမျိုးဖြင့် စက်သုံးဆီချွေတာရေး အတတ်နိုင်ဆုံးဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် ပုံမှန်အားဖြင့်ဆိုပါက နေ့စဉ် ဓာတ်ဆီ ဂါလန် ၁ ဒသမ ၅ သန်းခန့်နှင့် ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇ သန်းခန့်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်လာသည့် အကျပ်အတည်းတွင် မည်သည့်အချိန်မှာပြီးဆုံးမည် မသိနိုင်သည့် အခြေအနေမျိုး၌ ရေရှည်ဖြစ်လာနိုင်သည်ကို တွက်ဆ၍ ခြိုးခြံချွေတာကြရမည်ဖြစ်သည်။ ယနေ့မှစ၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မိမိတို့နေထိုင်ရာ နေအိမ်၊ အဆောင် စသည်တို့မှနေ၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ work from home သည် လုပ်ငန်းတာဝန်ထမ်းဆောင်နေခြင်းသာဖြစ်ရာ မိမိတို့လုပ်ငန်းများ အရှိန်အဟုန်မပျက်စေရန် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် စက်သုံးဆီချွေတာရန် အဓိကရည်ရွယ်ခြင်းဖြစ်သည့်အလျောက် ဗုဒ္ဓဟူးနေ့တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန် ထပ်ဆင့်နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။
သတင်းစာများ - ၃၄၈၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
