စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိ စာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋ ကဓမ္မပါလ မဟာဝိ ဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေး ရှင်း(ဗဟို)ဥက္ကဋ္ဌ၊ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ကြီး၏ အန္တိမအဂွိစျာနသာဓုကီဠနသဘင် အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိ စာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋ ကဓမ္မပါလ မဟာဝိ ဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေး ရှင်း(ဗဟို)ဥက္ကဋ္ဌ၊ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ကြီး၏ အန္တိမအဂွိစျာနသာဓုကီဠနသဘင် အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2025
မုံရွာ ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋက ဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဝံသ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဥက္ကဌ၊ သက်တော်(၇၂)နှစ်၊ သိက္ခာတော် (၅၂)ဝါ၏ အန္တိမအဂွိစျာ နသာဓုကီဠနသဘင် အခမ်းအနားကို ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသည့် ၃ ဂါထာရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ကေသဝ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် မုံရွာမြို့၊ ဇောတိကာရာမကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိဇ္ဇေဒရ ဆရာတော်ကြီးမှ ဿရဏိရ သန္ဒေသကကထာမြွက်ကြားပြီး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဝမ်းနည်းကြောင်းသဝဏ်လွှာအား ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဇောတိပါလာ လင်္ကာရ ဆရာတော်ကြီးမှ “သံဝေဂဓမ္မကထာ” ဟောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ၊ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဗဟိုစံကျောင်းတော် သို့ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။
သတင်းစာများ - ၃၄၃၆ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
