စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားသူ နိုင်ငံ့ဝန်ထမ်း တစ်ဦး ပြန်လည်လွတ်မြောက်


ပြည်ထဲရေးဝန်ကြီးဌာန/ Nay Pyi Taw / June 13, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားသူ နိုင်ငံ့ဝန်ထမ်း တစ်ဦး ပြန်လည်လွတ်မြောက်မှု မှတ်တမ်းဓာတ်ပုံ။


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျွန်းရွှေဝါ ရပ်ကွက်နေ နားမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်စိမ့်စိမ့်သူ(၂၅)နှစ်က လာရောက်သတင်းပို့ချက်အရ ၎င်းသည် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ၎င်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရေလဲထိန်းကျော်ကျေးရွာနေ နားမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်မူလတန်းပြဆရာမဖြစ်သူ ဒေါ်ချောစုလှိုင်(၃၀)နှစ်တို့ နှစ်ဦးသည် စာသင်ကျောင်းနှင့် မီတာ ၅၀၀ ခန့်အကွာရှိ နားမော်ကျေးရွာသို့ သွားရောက်စဉ် အကြမ်းဖက်သမားများက ပင်ခုတ်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း။
    အဆိုပါကျေးရွာ၌ ၄၈ ရက်ခန့် ချက်ပြုတ်လျှော်ဖွတ်ခြင်းများအား ခိုင်းစေခဲ့ပြီး ၎င်းတစ်ဦးတည်းအား တောင်ပေါ်ဆယ်ကျေးရွာသို့ ထပ်မံရွှေ့ပြောင်း၍ လေးလခန့် နေထိုင်စေခဲ့ပြီး ဖောင်းပြင်မြို့နယ်၊ သငါကျေးရွာ၌ တစ်လခန့် နေထိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်တွင် မော်လိုက်မြို့သို့ စက်လှေ တစ်စီးဖြင့် လိုက်ပါခဲ့ကြောင်း၊ မော်လိုက်မြို့တွင် တစ်ညအိပ်ပြီးနောက် မော်လိုက်-ကလေးဝ-ကလေးခရီးစဉ်အတိုင်း ထွက်ခွာခဲ့ကာ ကလေးမြို့မှ မုံရွာမြို့သို့ လေယာဉ်ဖြင့် ဆက်လက် လိုက်ပါခဲ့ကြောင်း၊ မုံရွာမြို့၌ ငါးရက်ခန့် နေထိုင်ပြီးနောက် ဇွန် ၈ ရက်တွင် မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ လေယာဉ်ဖြင့် ထပ်မံလိုက်ပါခဲ့ပြီး ဇွန် ၉ ရက်တွင် ဟုမ္မလင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပို့ခဲ့ကြောင်း၊ ဇွန် ၁၂ ရက်တွင် ဟုမ္မလင်းမြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
    အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၁၉၃ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download