စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME များ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းဒစ်ဂျစ်တယ်ပလက်ဖောင်းများအသုံးပြုကာ မြှင့်တင်ဆောင်ရွက်နိုင်ကြောင်း Digital Corner မှာ လက်တွေ့ကျကျ ပြသထားတာ ဖြစ်ပါတယ် . . .
စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME များ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းဒစ်ဂျစ်တယ်ပလက်ဖောင်းများအသုံးပြုကာ မြှင့်တင်ဆောင်ရွက်နိုင်ကြောင်း Digital Corner မှာ လက်တွေ့ကျကျ ပြသထားတာ ဖြစ်ပါတယ် . . .
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 14, 2026
ဒေါက်တာ အောင်ဇေယျ
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ Digital Corner ပြခန်း၌ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျအား ပြပွဲဆဋ္ဌမမြောက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည် -
မေး ။ ။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ Digital Corner ပြခန်းမှာ ပြသထားမှု အခြေအနေကို သိရှိလိုပါတယ်။
ဖြေ ။ ။ ပြခန်းအမှတ် ၃၅ မှာပြသထားတဲ့ Digital Corner မှာ နိုင်ငံတော်အကြီးအကဲရဲ့ ယမန်နှစ်လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုတွေကို ပြသထားသလို ယခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်က နိုင်ငံတော်အကြီးအကဲ Digital Corner ပြခန်းကို လာရောက်ကြည့်ရှုအားပေးစဉ် လမ်းညွှန်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေအတိုင်း Agro-based Industries၊ MSMEများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး၊ မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါသက်ဆိုင်ရာ မဟာဗျူဟာမဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင်များ ပြည့်မီစေရေး၊ ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်မှုများကို အခြေခံသည့် စွန့်ဦးတီထွင်ဂေဟရပ်ဝန်းတစ်ရပ် ဖြစ်ထွန်းလာစေရေး၊ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော ပြည်သူ့အခြေပြု ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးတို့ကိုအဓိကရည်ရွယ်ပြီး ကျွန်တော်တို့ပြသထားတာဖြစ်ပါတယ်။
အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME များဖွံ့ဖြိုးရေးအတွက် ပြည်တွင်းဒစ်ဂျစ်တယ်ပလက်ဖောင်းများအသုံးပြုကာ မြှင့်တင်ဆောင်ရွက်နိုင်ကြောင်း ပြကွက် (၁) AgroSight ၊ ပြကွက် (၂) AyarFarm နှင့် ပြကွက် (၃) Digital Transformation of MSME တို့မှာ လက်တွေ့ကျကျပြသထားတာဖြစ်ပါတယ်။
စက်မှုလုပ်ငန်းခွင်-တက္ကသိုလ်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် MSMEဖွံ့ဖြိုးတိုးတက်ရေး ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုကိုလည်း ပြသထားပြီး ဌာနများ၊ စက်ရုံများ၊ MSME တွေနဲ့ ကျွန်တော် တို့ရဲ့ Polytechnic University ကိုးခု၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ ချိတ်ဆက်မှုနဲ့ နည်းပညာတောင်းခံမှုတွေကို အဆိုပါ ပလက်ဖောင်းမှ Online ကတစ်ဆင့်ဆောင်ရွက်နိုင်ပါတယ်။
ခုခေတ်မှာတော့ Agentic AI ကိုပါ Agro-based Industries နဲ့ MSME တွေမှာ သုံးလာကြပါပြီ။
ကိုယ်ပိုင်ဒစ်ဂျစ်တယ်ပလက်ဖောင်းကိုသုံးခြင်းကပဲ လုပ်ငန်းတွေကို ရေရှည်မှာရပ်တည်နိုင်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အမှန်တကယ်ဖော်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ သူများ ပလက်ဖောင်းကိုပဲ အလွယ်တကူသွားသုံးရင် ပြုပြင်ထိန်းသိမ်းခတွေ၊ ဝန်ဆောင်ခတွေ လိုင်စင်ခတွေ ရေရှည်မှာ ထပ်ကုန်မှာဖြစ်ပြီး သူများပလက်ဖောင်းဖြစ်လို့ ခွင့်တောင်းရတာတွေရှိပြီး ကိုယ့်စိတ်ကြိုက် မွမ်းမံပြင်ဆင်မှုတွေအတွက် အခက်အခဲတွေဖြစ်လာနိုင်ပြီး ဒေတာပိုင်ဆိုင်မှု၊ ဆိုက်ဘာလုံခြုံမှု၊ ထိန်းချုပ်ကွပ်ကဲနိုင်မှုနဲ့ အကျိုးအမြတ် ခွဲဝေမှုတွေအတွက်လည်း ရေရှည်မှာ အငြင်းပွားမှုတွေ အခက်အခဲတွေ ဖြစ်ပေါ်နိုင် ပါတယ်။
မေး ။ ။ ပြခန်းနှစ်ခုမှာ လာရောက်မေးမြန်းဆွေးနွေးမှုနဲ့ နည်း ပညာတောင်းခံမှုအရေအတွက်များကို သိရှိလိုပါတယ်။
ဖြေ ။ ။ ဆဋ္ဌမမြောက်နေ့ မွန်းလွဲပိုင်းအထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းနဲ့ Digital Corner ပြခန်းတို့မှာ နည်းပညာဆိုင်ရာ လာရောက်မေးမြန်းဆွေးနွေးသူ ၁၅၀၀ ခန့်ရှိပါတယ်။
နည်းပညာတောင်းခံမှုအရေအတွက်များမှာ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနတွင် နည်းပညာပေါင်း ၂၇ ခုတို့ကို တောင်းခံထားတာဖြစ်ပြီး မှိုကြာရှည်ခံနည်းပညာ၊ ငှက်သိုက်တာရှည်ခံ နည်းပညာ၊ ချင်းပျားရည်၊ပျားရည်သကြားလုံး၊ ပျားရည်ဂျယ်လီ၊ ပျားရည်ကော်လဂျင်၊ ကြက်သားမှုန့်၊ ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်၊ ထောပတ်ကွတ်ကီး၊ အသင့်စား ဆန်ပြုတ်နည်းပညာ၊ ကော်မှုန့်၊ ဖျော်ရည်နည်းပညာများအပါအဝင် စားသောက်ကုန်နည်းပညာတောင်းခံမှု ၂၃ ခု၊ ကမ်းဇော်ဆီနည်းပညာ၊ အနံ့ပျောက်သန့်စင်ဆေးရည်နည်းပညာ၊ ချင်းနက်ဒဏ်ကြေ လိမ်းဆေးနည်းပညာအပါအဝင် လူသုံးကုန်နည်းပညာတောင်းခံမှုလေးခုတို့ဖြစ်ပါတယ်။
ဇီဝနည်းပညာသုတေသနဦးစီးဌာနမှာ Mass Production ဖြင့် ထုတ်လုပ်ရန် ဇီဝထုတ်ကုန်ဆိုင်ရာ နည်းပညာခြောက်ခုတောင်းခံထားပြီး ရှားစောင်းမျက်နှာသစ်ဆပ်ပြာ၊ ဝါးရှာလကာရည်ချေးချွတ် မျက်နှာသစ်ဆပ်ပြာ၊ သစ်ခွမျက်နှာသစ်ဆပ်ပြာ၊ သစ်ခွကင်ပွန်းသီးမှုန့် မျက်နှာသစ်ဆပ်ပြာ၊ ဆီးချိုရှိသူများအတွက် အသင့်သောက်မန်ကျည်း ဖျော်ရည်နဲ့ ဆီးချိုရှိသူများအတွက် ထန်းလျက်မှုန့် (Capsule) တို့ ဖြစ်ပါတယ်။
နည်းပညာမြှင့်တင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနရဲ့ IoT နည်းပညာသုံး ဆိုလာ EV အားသွင်းစနစ်ကိုပြသထားရာ နည်းပညာတောင်းခံမှုသုံးဦးရှိပါတယ်။
Digital Corner မှာ နည်းပညာဆွေးနွေးတောင်းခံမှု၊ သင်တန်းတောင်းခံမှုပေါင်း ၂၀ ရှိပါတယ်။
မေး။ ။ ပြည်သူတွေနဲ့ MSME လုပ်ငန်းရှင်တွေကို ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ ယနေ့ခေတ်ဟာ သိပ္ပံခေတ်၊ ဒစ်ဂျစ်တယ်နည်းပညာခေတ်၊ AI ခေတ်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နည်းပညာဆိုင်ရာ အသိပညာဗဟုသုတတွေ သိမြင်ကြွယ်ဝစေအောင် လာရောက် ကြည့်ရှုလေ့လာကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။
MSME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းတွေကို မြှင့်တင်ဆောင်ရွက်နိုင်ဖို့ လိုအပ်နေတဲ့ နည်းပညာတွေကိုသာ တောင်းခံလိုက်ပါ။ ကျွန်တော်တို့ပြသထားတဲ့ ပြကွက်တွေနဲ့ကိုက်ညီရင် ဥပဒေ၊ ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နည်းပညာလွှဲပြောင်းပေးဖို့ ဆောင်ရွက်ပေးပါ့မယ်။ တကယ်လို့ ပြသထားတဲ့ပြကွက်တွေနဲ့ မကိုက် ညီရင် သုတေသနဌာနတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ သုတေသနစီမံကိန်း/လုပ်ငန်းတွေ သုတေသနပြုစမ်းသပ်မှုတွေကို ပူးပေါင်းဆောင်ရွက်ပေးပြီး နည်းပညာ လိုအပ်ချက်တွေနဲ့ကိုက်ညီရင် ရလဒ်တွေက လိုအပ်တဲ့အရည်အသွေးပြည့်မီရင် နည်းပညာလွှဲပြောင်းပေးဖို့ ဆက်လက်ဆောင်ရွက်ပါ့မယ်။ ဒါကြောင့် MSME လုပ်ငန်းရှင်တွေ အနေနဲ့ မိမိတို့လိုအပ်တဲ့နည်းပညာကို တောင်းခံနိုင်တဲ့ အထူးအခွင့်အရေးကို ဒီပြပွဲကာလအတွင်းမှာ ရရှိနေတာဖြစ်လို့ လာရောက်လေ့လာကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။
သတင်းအဖွဲ့
သတင်းစာများ - ၃၄၄၁ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
