စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် နွေးထွေးကြင်နာပြုစုစောင့်ရှောက်
စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် နွေးထွေးကြင်နာပြုစုစောင့်ရှောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 09, 2026
လူ့ဘဝတွင် ကျန်းမာမှသာ မိမိတို့ဆန္ဒရှိသမျှကို ဖြောင့်တန်းစွာလုပ်ကိုင်နိုင်မည်ဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်သည်။ ပြည်သူများ ကျန်းမာသန်စွမ်းကြမှသာ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား၊ လူမှုဘဝတည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ၏ ဘဝတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် လူတစ်ဦးချင်းအနေဖြင့် မိမိကိုယ်မိမိ ကျန်းမာအောင် အထူးဂရုစိုက်ဆောင်ရွက်ကြရန်လိုအပ်သလို မကျန်းမာရောဂါဖြစ်ပွားလာပါက ပြုစုကုသစောင့်ရှောက်ရေးကို နိုင်ငံတော်က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရက နိုင်ငံကိုတာဝန်ယူခဲ့သည့် ကာလတစ်လျှောက် နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များ ခိုင်မာစေရန် ဦးတည်ချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာ ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ကို ချမှတ်ဆောင်ရွက် ပေးခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ သက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းထားသည့်အတိုင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံ ၂၅ ရုံကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် (၁၆)ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကို အသစ်တိုးချဲ့တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။ ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ပေးခဲ့ပြီး ကျန်းမာရေးကဏ္ဍကိုလည်း အလေးထားမြှင့်တင်ဆောင်ရွက်ပေးခဲ့သည်။
“ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒကိုချမှတ်ပြီး ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင်သွားနှင့် ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့သည်။ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများတက်ရောက်ခွင့်ကို စီစဉ်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံကျောင်းများအဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။
ယခုအခါ ကမ္ဘာပေါ်၌ မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနှုန်း သိသိသာသာ မြင့်မားလာနေရာ အဆိုပါရောဂါများတွင် ကင်ဆာရောဂါသည် ကျန်းမာရေးကဏ္ဍအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ကင်ဆာလူနာသစ်သန်း ၂၀ ခန့်ရှိပြီး ယင်းတို့တွင် ၉ ဒသမ ၆ သန်းခန့် သေဆုံးခဲ့သည်ဟုသိရသည်။ မြန်မာနိုင်ငံတွင်လည်း အသက် ၇၅ နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားနိုင်ခြေ ၁၃ ဒသမ ၉ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရေးကြီးလာသည်။
ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းလျှော့ချရန်နှင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာ သိရှိကုသမှုခံယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် “ကင်ဆာရောဂါထိန်းချုပ်ရေးအမျိုးသားမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)”ကို ရေးဆွဲပြီး ကင်ဆာရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်ကုသစက်အသစ်ခုနစ်လုံး တပ်ဆင်ပေးနိုင်ခဲ့သည်။ ပြည်သူ့ဆေးရုံကြီးများနှင့် တပ်မတော်ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်စင်တာ၊ ဓာတ်ရောင်ခြည်စက်များအသုံးပြု ကုသပေးနိုင်ပြီဖြစ်သည်။ ပုဂ္ဂလိကဆေးရုံများ၌လည်း အလားတူဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မတ် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနကိုဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့် ဝေဒနာနှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင်ရှိပြီးဖြစ်သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများအပေါ် မိသားစု စိတ်ဓာတ်ဖြင့် မေတ္တာထားကာ နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် မှာကြားချက်နှင့်အညီ ပြည်သူများ၏ ကျန်းမာရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။
သတင်းစာများ - ၃၄၆၄ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
