ဆင်သေဆည်မှ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ပေးဝေလျက်ရှိ
ဆင်သေဆည်မှ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ပေးဝေလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 18, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည်ရေသောက်စနစ် လက်ဝဲ/လက်ယာ တူးမြောင်းစနစ်များမှ နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တပ်ကုန်းမြို့နယ်အတွင်း ရေအေးကွင်းစနစ်ကျ လယ်ယာမြေ၊ ညောင်တုန်းအိုင်ကျေးရွာ နွေစပါးစိုက်ခင်း၊ ပေတောကွင်း စနစ်ကျလယ်ယာမြေနှင့် ကျေးချောင်းကျေးရွာရှိ နွေစပါးနှင့် နွေသီးနှံစိုက်ခင်းများကို စိုက်ပျိုးရေပေးဝေမှု၊ မြေယာထွန်ယက်နေမှုနှင့် စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြန်လည်ပြုပြင်
ထို့နောက် ကျေးရွာအလိုက် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက ယခင်နှစ်နွေသီးနှံရေပေးရာသီတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဆင်သေရေလွှဲဆည်နှင့် ရေသောက်စနစ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ယာယီအစီအစဉ်ဖြင့် ခက်ခက်ခဲခဲ စိုက်ပျိုးရေပေးဝေခဲ့ရကြောင်း၊ ယခုနှစ်တွင် ရေသောက်စနစ်များ ပြန်လည်ပြုပြင်ခဲ့ပြီး စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာဖြင့် စနစ်တကျ ထိရောက်အကျိုးရှိစွာ သုံးစွဲကြရန်၊ အချိန်အခါအလိုက် စိုက်ပျိုးရေ ရရှိမှုအပေါ်မူတည်၍ သုံးသီး စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ရေပေးမြောင်း၊ ရေနုတ်မြောင်းစနစ်များ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် လယ်ကြား မြောင်းများအား တောင်သူများ ပူးပေါင်းပါဝင်သည့် ရေအသုံးချသူများအဖွဲ့(WUG)များနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အစဉ်ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်ကြရန် မျိုးကောင်းမျိုးသန့်ရရှိရေး သွင်းအားစုစနစ်များ အားကောင်းစေရေး၊ နှစ်စဉ်မိုးစပါးနွေစပါးစိုက်ပျိုးလျက်ရှိသည့် ရေသောက်ဧရိယာများ၏ မြေဆီလွှာများအားကို စမ်းသပ်စစ်ဆေးပြီး အာဟာရဓာတ်များနှင့် အရည်အသွေးကျဆင်းပျက်စီးခြင်းမဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်သင့်သည်များ၊ ဒေသရေမြေရာသီဥတုနှင့် လိုက်လျော ညီထွေရှိသည့် သီးနှံပုံစံများနှင့် စိုက်နည်းစနစ်များအား သက်ဆိုင်ရာဦးစီးဌာန၊ စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များမှ ပူးပေါင်းကွင်းဆင်း အသိပညာပေးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအနီးရှိ အချင်း ၁၀ လက်မ၊ အနက် ပေ ၃၀၀ စက်ရေတွင်း အမှတ် (၁) တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စက်ရေတွင်းများကို ဒေသအလိုက်မြေအောက် ရေအောင်းလွှာ အခြေအနေပေးမှုအပေါ်မူတည်၍ စနစ်တကျတူးဖော်ကြရန်၊ မြေအောက်ရေပြန်လည် ဖြည့်တင်းမှုအခြေအနေအား အမြဲမပြတ် စောင့်ကြည့်ဆန်းစစ်ကြရန်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဒေသခံတောင်သူများ၏ အခက်အခဲလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၄၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
