တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းဆောင် တစ်ဆောင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 24, 2025


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ၊ စာသင်ကျောင်းများနှင့် ပြည်သူများ၏နေအိမ်များကိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ရပ် ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးဝေ(၅၄)နှစ်သည် ပုလောမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်မှ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အဆိုပါရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှေ့အရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးစိုးဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားများက စာသင် ကျောင်းဝင်းအတွင်းရှိ RC တစ်ထပ် စာသင်ကျောင်းဆောင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် ပေါက်ကွဲခဲ့မှုကြောင့် စာသင်ကျောင်းဆောင်၏ အမိုးသွပ်၊ မျက်နှာကြက်နှင့် ပြတင်းပေါက်မှန်များ တန်ဖိုးငွေကျပ် သိန်း ၆၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲဖျက် ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံ ခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၃၂၈ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download