တပ်မတော်စစ်ကြောင်းများက မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝစိုးမိုးထိန်းချုပ်ဖွင့်လှစ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆို
တပ်မတော်စစ်ကြောင်းများက မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝစိုးမိုးထိန်းချုပ်ဖွင့်လှစ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆို
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2026
နေပြည်တော် ဒီဇင်ဘာ ၃၁
PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအတွင်းသို့ ဝင်ရောက်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်ပိတ်ဆို့၍ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ နေအိမ်များအတွင်းသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင်မြေပေါ်၊ မြေအောက်သယံဇာတများအား အဓမ္မနည်းဖြင့်ထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်း၊ ပြည်သူလူထုများ၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများအား အခိုင်အမာခံစစ်နေရာများအဖြစ် အသုံးပြုခြင်း၊ ယာယီအခြေပြုနေထိုင်ခြင်း၊ ဆက်သွယ်ရေးလမ်းမကြီးများပေါ်၌ ဂိတ်များဖွင့်လှစ်၍ ဒေသခံပြည်သူများ၊ ခရီးသွားများထံမှ ငွေကြေးကောက်ခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြသဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်ခဲ့သည်။
အကြမ်းဖက်သမားများ၏ စိတ်ကူးယဉ် ရည်မှန်းချက်အပြီးတိုင်ရိုက်ချိုး
ထိုကဲ့သို့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုး ထားသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ် ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင်သတ္တုတွင်းဒေသအား ဩဂုတ် ၂၄ ရက် တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တစ်ဝိုက်အား ဩဂုတ် ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေ လှောင်တမံအား နိုဝင်ဘာ ၇ ရက်တွင်လည်းကောင်း၊ စဉ့်ကူးမြို့နှင့် အနီးတစ်ဝိုက်တို့အား ဒီဇင်ဘာ ၁၉ ရက်တွင် လည်းကောင်း တပ်မတော်စစ်ကြောင်းများက အဝေးရောက်ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေးကူညီမှုများဖြင့် အဆင့်ဆင့်ခြေကုပ်ယူထိုးစစ်ဆင်၍ အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများ၏ စိတ်ကူးယဉ်စစ်ရေး ရည်မှန်းချက်ကို အပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။
တပ်မတော် စစ်ကြောင်းများ အနေဖြင့် ပြန်လည်ထိန်းချုပ်ရရှိပြီးဖြစ်သည့် အဆိုပါမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်မှုမရှိစေရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံချောမွေ့မှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ သပိတ်ကျင်းဘက်မှ နယ်မြေရှင်းလင်းချီတက်လာသည့် တပ်မတော်စစ်ကြောင်းများသည် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင် ကျေးရွာ၊ အောက်တိုဘာ ၁၃ ရက် တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကျေးရွာ ၎င်းမှ ဒီဇင်ဘာ ၂၂ ရက်တွင် လိပ်ကျကျေးရွာသို့လည်းကောင်း ရှင်းလင်းချီတက်သိမ်းပိုက်ပြီး ပတ်ဝန်းကျင်နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ စဉ့်ကူးဘက်မှ ချီတက်လာသည့် တပ် မတော် စစ်ကြောင်းများသည် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှ ဒီဇင်ဘာ ၂၈ ရက်တွင် ကျည်တောက်ပေါက်ကျေးရွာ ဒီဇင်ဘာ ၂၉ ရက်တွင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာ ၃၁ ရက် ယနေ့တွင် လိပ်ကျကျေးရွာ သို့ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ကာ အဆင့်ဆင့် ချီတက်ရောက်ရှိခဲ့ပြီး လိပ်ကျကျေးရွာနေရာ၌ တပ်မတော် စစ်ကြောင်းများ လက်ချင်း ချိတ်ဆက် ပေါင်းဆုံခဲ့ကာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း အား အပြည့်အဝထိန်းချုပ်စိုးမိုး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် ဒေသခံ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် သွားလာအသုံးပြုနိုင်ပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ ပြည်သူလူထုများ စိတ်အေးချမ်းလုံခြုံစွာဖြင့် သွားလာအသုံးပြုနိုင်ရေး ရွပ်ရွပ်ချွံချွံသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသည်။
ပန်းကုံးများကိုင်ဆောင်ကာ ကြိုဆို
တပ်မတော် စစ်ကြောင်းများ အနေဖြင့် အဆိုပါနယ်မြေများအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် နယ်မြေရှင်းလင်း ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရားနှိပ်စက်ညှဉ်းပန်းမှုခံနေရသည့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာမှုအား ကျားမ၊ ကြီးငယ်မရွေး အောင်သပြေပန်းများ၊ ပန်းကုံးများကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်ကို ကြည်နူးဝမ်းမြောက်ဖွယ် တွေ့မြင် ခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်း-မိုးကုတ် ဒေသအနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစေရေးကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန် ချောမွေ့လာစေရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများအား စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ထားသည့် လမ်းကြောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၉၇ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
