တပ်မတော်စစ်ကြောင်းများက KIA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မော်လူးမြို့အား ပြန်လည်ထိန်းချုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 06, 2026
image_latest


နေပြည်တော် မေ ၅

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ပြီး အဆင့်ဆင့်ပြန်လည်ထိန်းချုပ်လျက်ရှိရာ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော ကသာခရိုင် အင်းတော်မြို့ကို ဧပြီ ၃၀ ရက်တွင် အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နယ် မော်လူးမြို့အား ထပ်မံ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မော်လူးမြို့သည် ကသာခရိုင်အင်းတော်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး အင်းတော်မြို့၏ မြောက်ဘက်မိုင် ၂၀ အကွာတွင် တည်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အချက်အချာကျသည့် ပြည်နယ်ချင်းဆက် လမ်းတစ်လမ်းဖြစ်သော ရွှေဘို- မြစ်ကြီးနား ကားလမ်းဘေး၌ တည်ရှိရာလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးကြီးသည့်နေရာတွင် တည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။

တပ်မတော်စစ်ကြောင်းများသည် အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် အဆိုပါဒေသတစ်ဝိုက် နယ်မြေရှင်းလင်းခြင်း၊ အောင်မြေချဲ့ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး မော်လူးမြို့အား ဆက်လက်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းများခွဲ၍ စစ်နည်းဗျူဟာမြောက် ချီတက်ရှင်းလင်းခဲ့ရာ အင်းတော်မြို့နှင့် မော်လူးမြို့အကြားရှိ နားမကြိုင်းရွာ၊ ပင့်တင်ရွာနှင့် နဘားကြီးရွာတို့အား မေ ၂ ရက်တွင်လည်းကောင်း၊ ပွိုင့်-၃၀၅ တောင်ကုန်းနှင့် ပင်ဝယ်ရွာသစ်တို့အား မေ ၃ ရက်တွင်လည်းကောင်း၊ တုံလုံရွာနှင့် ဖားပန်ရွာတို့အား မေ ၄ ရက်တွင်လည်းကောင်း အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မေ ၅ ရက် ယနေ့တွင် တပ်မတော် စစ်ကြောင်းများသည် စီပိန်းရွာ၊ နားခွင်းကျင်ရွာ၊ မော်လူးမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မော်လူးမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား အလုံးစုံပြန်လည် ထိန်းချုပ်ရန် နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများရှိခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်များ သိမ်းဆည်းရရှိခဲ့သည့်အပြင် အကြမ်းဖက်သောင်းကျန်းသူများ တရားမဝင်လုပ်ကိုင်နေသည့် စက်သုံးဆီသိုလှောင်သည့်နေရာများမှ စက်သုံးဆီထည့် သံပီပါခွံများနှင့် ကော်ပီပါခွံများ၊ ဆီလှောင် ကန်များနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာအချို့ကို ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းချီတက်လာသော တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ခါးသီးစွာခံစားခဲ့ရသည့် ဒေသခံပြည်သူများက လမ်းကြောင်းတစ်လျှောက်လုံး၌ အောင်သပြေပန်းများ၊ ပန်းကုံးများကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ကာ မော်လူး - နန့်စီးအောင်လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၁၇ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download