တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့နယ် ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ကျုံကူးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ငပုတောမြို့နယ် ကျုံကူးကျေးရွာ စိတ္တသုခဘုန်းကြီးကျောင်းတွင် အခြေပြု၍ ကျုံကူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၇ ဦး၊ ခွဲစိတ်ရောဂါ ၃၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၃ ဦး၊ ကလေး ရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၇၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၁၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၇ ဦး စုစုပေါင်း ဒေသခံပြည်သူ ၅၅၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာကိုးဦး၊ မျက်စိခွဲစိတ်လူနာ ခုနစ်ဦး၊ ဓာတ်မှန်ရိုက်လူနာလေးဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၈၅ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၅၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါသည်-

၁။ လည်ပင်းအကျိတ်က ပြည်တည်လို့ အကြောရောင်တာ၊ ဇက်ကြောတက်တာကနေစဖြစ်တာပါ။ ဒီမတိုင်ခင်မှာ ပြခဲ့တာရှိပါတယ်။ စာမေးပွဲဖြေနေသေးလို့ဆိုပြီး မခွဲဖြစ်သေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ကိုယ့်ဒေသမှာ လာပြီးကုသပေးတဲ့အခါကျတော့ အစစအရာရာ အဆင်ပြေသွားပါတယ်။ အခုလိုမျိုးလာရောက်ပြီး ကုသပေးတဲ့အတွက် ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။

၂။ ကျွန်မရဲ့ မေမေကအကြောနဲ့ပတ်သက်ပြီး လမ်းလျှောက်လို့လည်း သိပ်မကောင်းလို့ လာပြတာပါ။ အရင်တုန်းကလည်း လာပြဖူးပါတယ်။ အရင်တစ်ခေါက် လာတုန်းကလည်း အဲ့လိုပဲအကြောနဲ့ပတ်သက်ပြီး ဆေးလာပြတော့ ဆေးထိုးပေးတယ်။ သောက်ဆေးတွေဘာတွေပေးတယ်ဆိုတော့ သက်သာတယ်။ အခု ကျုံကူးတိုက်နယ်အတွင်းမှာရှိတဲ့ လူတွေအားလုံးကဒီနေရာကို လာပြီးကုသလို့ရတယ် ဆိုတော့ အဆင်ပြေသွားတာပေါ့။ အခုလိုမျိုးပင်ပင်ပန်းပန်းနဲ့ ဆေးလာရောက်ကုသပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နောင်ကိုလည်း အခုထက်ပိုပြီးတော့ လာရောက် ကုသပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

သတင်းစဉ်

သတင်းစာများ - ၃၃၆၀ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download