တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာ၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၁၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၆၂ ဦး၊ ခွဲစိတ်ရောဂါ ၃၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ ၄၉ ဦး၊ အရိုးရောဂါ ၇၀ ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၅၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာရှစ်ဦး၊ မျက်စိခွဲစိတ်လူနာခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၇ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာရှစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-

၁။ ကျွန်မနာမည်က မိုးအိဇင်ပါ။ ကျွန်မက ဂေါ်သူတောင်တာကြီးကနေလာတာပါ။ ကျွန်မတူလေးက အဆုတ်လေပြွန်ရောင်တာလို့‌ ပြောပါတယ်။ အဲဒီရောဂါနဲ့ ဆရာကိုလာပြတာပါ။ ဆရာဝန်က သေချာစစ်ဆေးပေးတယ်။ ကလေးကိုဆေးကောင်းတွေလည်း ပေးလိုက်ပါတယ်။ ကလေးက အဆုတ်လေပြွန်ရောင်တာဖြစ်လို့ သေချာစောင့်ကြည့်သင့်တယ်လို့ပြောပါတယ်။ တကယ်လို့ မသက်သာရင်တော့ ဆေးရုံဆေးခန်းသွားဖို့ ညွှန်ကြားပေးတယ်။ ဘယ်ဆေးကို ဘယ်လို တိုက်ရမယ်ဆိုတာလဲ သေချာညွှန်ကြားပေးတယ်။ အခုလိုမျိုး ကျွန်မတို့ကို တကူးတက လာရောက်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး သူတို့က ကျွန်မတို့ကို စိတ်ထဲမှာ အသိအမှတ်ရှိပြီး လာပြီးကုသပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

၂။ မျက်စိရောဂါနဲ့လည်ပင်း ရောဂါဖြစ်တာပါ။ လည်ပင်းကအသက်ရှူလို့မဝဘူး။ ကျပ်ပြီးတော့ ဆို့ထားသလိုဖြစ်တယ်။ ဒီဘက်ဘေးနားမှာ ဆို့ထားသလို၊ မျက်စိကျတော့လည်း အာရုံကြောကမကောင်းဘူး။ ကြည့်လို့မကောင်းဘူး။ မျက်စိဝေတယ်။ အခုကတော့ တော်တော်သက်သာ သွားပါတယ်။ ဆရာဝန်က ကျွန်မကိုပြောတာ သူကအခုလောလောဆယ်တော့ ခွဲလို့မရသေးဘူး။ ခြောက်လပိုင်းကျမှခွဲလို့ရမယ်။ နုသေးတယ်လို့ပြောတယ်။ ဆေးပဲတိုက်ပေးတယ်။ ဆေးပဲသောက် ခိုင်းတယ်။ ဒီကိုလာရောက်ပြီးတော့ ကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ လာရောက်ဖို့ ညွှန်ကြားပေးတဲ့ နိုင်ငံတော်အကြီး အကဲနှင့်တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

သတင်းစဉ်

သတင်းစာများ - ၃၃၆၀ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download