တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပေးပြီးဆုများချီးမြှင့်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပေးပြီးဆုများချီးမြှင့်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / February 10, 2025
ပုသိမ် ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီးတို့နှင့်အတူ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တက်ညီလက်ညီ အသင်းအဖွဲ့များ စုံလင်စွာဖြင့် ရောက်ရှိပြီး မြန်မာ့ရိုးထမနဲထိုးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရန် အသင့်ဖြစ်နေကြပြီဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်စည်းကမ်းများကိုလည်း ကြိုတင်သတ်မှတ်ပေးထားပြီးဖြစ်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ယှဉ်ပြိုင်ကြရန်နှင့် အမှတ်ပြည့်ရရှိအောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်များက တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင်ဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်္ဂလာရွှေမောင်းအား တီးခတ်၍ ပြိုင်ပွဲအားစတင်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုများနှင့် အိုးစည်၊ ဗုံမောင်းများဖြင့် တီးမှုတ်ကခုန်အားပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့အသင်း၊ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနအသင်းတို့အား ဆုဖလားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုတိုင်းဒေသကြီးဝန်ကြီးချုပ် ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း (၁)သင်း၊ ဌာနဆိုင်ရာ (၁၆)သင်း၊ ရပ်ကွက်(၁၅)သင်း စုစုပေါင်း (၃၂) သင်းတို့က မြိုင်ဆိုင်စည်ကားစွာဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းသိရသည်။
သတင်းစာများ - ၃၅၀၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
