တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 18, 2025
image_latest


၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇) ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေအား အာဏာသက်ဝင်နိုင်စေရန် လိုအပ်သော နည်းဥပဒေများ၊ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သောလျှောက်လွှာပုံစံများ၊ ဝန်ဆောင်မှုအမျိုးအစား အလိုက်ပေးသွင်းရမည့် အခကြေးငွေများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တီထွင်မှုမူပိုင်ခွင့်ဥပဒေအား ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်နိုင်ခဲ့ပြီး တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှု မူပိုင်ခွင့် လျှောက်ထားချက်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်၍ မူပိုင်ခွင့်ဦးစီး ဌာနမှ တရားဝင်လက်ခံ ဆောင်ရွက်လျက်ရှိပါသည်။

၂။       တီထွင်မှုမူပိုင်ခွင့်ဥပဒေသည်အသစ်ဖြစ်သော တီထွင်ဖန်တီးမှုများကို ဥပဒေအရအကာ အကွယ် ပေးသည့်စနစ်ဖြစ်ပြီး တီထွင်သူများအနေဖြင့် မိမိတို့တီထွင်ထားရှိသော တီထွင်ဖန်တီးမှုမှန်သမျှကို အခြားတစ်ဦးဦးမှ အလွယ်တကူ ကူးယူခြင်းမခံရစေရန် တီထွင်မှုမူပိုင်ခွင့် အကာအကွယ်ရယူထားရမည် ဖြစ်ပါသည်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့်ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် အကာအကွယ်ရယူနိုင်ပါသည်။ တီထွင်မှုမူပိုင်ခွင့်သည် လျှောက်ထားသောနိုင်ငံ သို့မဟုတ် ဒေသအတွင်း၌သာ မူပိုင်ခွင့်ရရှိနိုင်သည့်စနစ်ဖြစ်ပြီး တီထွင်မှုမူပိုင်ခွင့်၏ သက်တမ်းမှာ လျှောက်ထားသည့်နေ့မှ နှစ် ၂၀ ဖြစ်ပြီး အသေးစားတီထွင်မှုမူပိုင်ခွင့်၏ သက်တမ်းမှာ လျှောက်ထားသည့် နေ့မှ ၁၀ နှစ် ဖြစ်ပါသည်။

၃။      တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများကို မူပိုင်ခွင့်ဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်သင်တန်း တက်ရောက်အောင်မြင်ပြီး WIPO File Account ရရှိထားသော ကိုယ်စားလှယ်များမှ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO File System) ကို အသုံးပြု၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။

၄။      တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အသိပေး ကြေညာချက်များ၊ ထုတ်ပြန်ကြေညာချက်များနှင့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ကို (www.ipd.gov.mm) တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မူပိုင်ခွင့်ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) (၀၆၇ ၃၄၃၀၅၉၄)၊ အောက်မြန်မာ ပြည်ရုံးခွဲ(ရန်ကုန်)(၀၁ ၈၃၀၀၂၈၃)၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး) (၀၉ ၈၉၀၆၁၅၁၅၂) နှင့် တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၅) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

သတင်းစာများ - ၃၃၈၃ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download