ထီလုံကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက ၁၁၈ ဒဿမ ၂၆ တင်းထွက်ရှိ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 06, 2025


ဘားအံ - ဒီဇင်ဘာ (၆)

ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက ၄၂၇၁၅၉ ဧကကျော် စိုက်ပျိုးပြီး တစ်ဧက အထွက်နှုန်းမှန်ကန် စွာရရှိရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်း အလိုက် စံကွက်ပေါင်း ၁၀၈၀ ကွက်ကိုရိတ်သိမ်းသွားမည်ကာ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ် မြေစာရင်းဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်၊ထီလုံကျေးရွာ၊ကွင်းအမှတ်(၁၄၂၄-ခ)ထီလုံအလယ်ကွင်းရှိ တောင်သူဦးရာမူး၏ မိုးစပါး ဆင်းသုခ စိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၁၈ ဒဿမ ၂၆ တင်းထွက်ရှိခဲ့သည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူများအနေဖြင့် မိမိလုပ်ကိုင်ခွင့် ရ လယ်ယာမြေပေါ်တွင် မြေလပ်မကျန်စေဘဲ သီးထပ်၊ သီးညှပ်များကို တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးစိုက်ပျိုးကြမည်ဆို ပါကလယ်ယာကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာပြီး ပိုမိုအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ မြေစာရင်းဌာနမှဝန် ထမ်းများက အထွက်နှုန်းမှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများအားအထွက်နှုန်းမေးမြန်းစုံစမ်းလာ သည့်အခါ မှန်ကန်သည့်ကိန်းဂဏန်းများရရှိရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးက စံကွက်ရိတ်သိမ်း ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိရေး စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများအနက် ကိုယ်စားပြုအလွှာ(ကောင်း)ကိုကိုယ်စားပြု သော ဆင်းသုခမိုးစပါးစိုက်ခင်းအား ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက် သုံးကွက်အား ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာနမှဝန်ထမ်းများ ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူများက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ကူဘိုတာ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်းခြင်း၊စံကွက်ရိတ်သိမ်းထွက်ရှိလာ သောမိုးစပါးများချွေလှေ့ခြင်းတို့ကို ဆောင်ရွက်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးဌာနမှူးက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနမှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို လည်းကောင်း အသိပညာပေးဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးက စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက ၁၁၈ ဒဿမ ၂၆ တင်းထွက်ရှိသည့်အတွက် စုစုပေါင်းတစ်ဧကစိုက်ပျိုးကုန်ကျစရိတ်၊ ဒေသတွင်းစပါးပေါက်ဈေး ၊ တစ်ဧကဝင်ငွေနှင့် တောင်သူအကျိုးအမြတ်ရရှိမှုအနေဖြင့် တစ်ဧက လေးသိန်းခြောက်သောင်းခုနှစ်ထောင်ကျော် ရရှိကြောင်း ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ စံကွက်ရိတ်သိမ်းပွဲတွင် ပါဝင် အားဖြည့်ကူညီပေးကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သတင်းစာများ - ၃၄၆၉ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download