ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ပြည်သူများ ပူးပေါင်းပါဝင်တည်ဆောက်
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ပြည်သူများ ပူးပေါင်းပါဝင်တည်ဆောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 30, 2025
၂၀၂၅ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မိမိတို့အနေဖြင့် မိမိတို့၏ဘဝ၊ မိမိတို့၏ မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံကောင်းကျိုးများကို မည်ရွေ့မည်မျှ မည်သို့ဆောင်ရွက်ခဲ့သည်ကို ဆန်းစစ်ကြည့်သင့်ပေသည်။ ကုန်လွန်ခဲ့သောကာလတွင် မိမိအတွက်၊ မိမိအသိုက်အဝန်းအတွက်၊ မိမိနိုင်ငံအတွက် အကျိုးမဖြစ်ခဲ့သည်များကို သင်ခန်းစာယူပြီး နှစ်သစ်တွင် ယခုနှစ်ဟောင်းထက် ပိုမိုကောင်းမွန်သော မိမိအတွက်၊ နိုင်ငံအတွက်အကျိုးပြုနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကုန်လွန်ခဲ့သောကာလကိုပြန်ကြည့်လျှင် အစိုးရက တိုင်းပြည်ကောင်းရာကောင်းကျိုးများ ဆောင်ရွက်နေသော်လည်း တစ်ဖက်တွင် တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်နေကြသူများကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာအကောင်အထည်ဖော်နိုင်ရေး၊ စီးပွားရေး ကောင်းမွန်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ တစ်ဖက်တွင် တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးကိုမလိုလားသူများက မြို့ရွာများလုံခြုံရေးနှင့်လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးတို့ကို ဖျက်ဆီးနေကြသည်။ မိမိနေထိုင်ရာဒေသနှင့် မိမိလူမျိုးကို ထိခိုက်ပျက်စီးအောင်ပြုလုပ်သည့် အသိဉာဏ်မဲ့သောလုပ်ရပ်ဖြစ်သည်။
လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဆိုသည့် ကောင်းမြတ်သည့် အကြောင်းကိစ္စများကို အကြမ်းဖက်တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို အောက်ကျနောက်ကျဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ရပ်များကို ရပ်တန့်အောင်၊ ကာကွယ်တားဆီးနိုင်အောင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ နှစ်ဟောင်းမှ မကောင်းသောအမှုကိစ္စများကို နှစ်သစ်အထိကူးစက်မလာအောင် တားဆီးကာကွယ်ကြရမည်ဖြစ်သည်။ ကုန်လွန်ခဲ့သောကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ်ခိုင်မာရေးတို့ကို စွန့်လွှတ်စွန့်စားစွာ ဆောင်ရွက်ခဲ့ကြသူများ ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူများ၏အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်သစ်ကို တည်ဆောက်နေခြင်းဖြစ်သည်။ ဖြစ်ပေါ်နေသောပဋိပက္ခများကို ပြည်သူအားလုံးလိုလားသည့် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးရေးနည်းများဖြင့်သာ ဖြေရှင်းဖော်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံရေးနည်းလမ်းဖြင့်သာ တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်နိုင်ပြီး စီးပွားရေး၊ လူမှုရေးစနစ်များ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးပြပြီး လက်တွေ့တွင် ကိုယ်ကျိုးအတ္တသက်သက်ဖြင့် လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များကလည်း ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးဟု ကြွေးကြော်နေကြသော်လည်း ဒီမိုကရေစီကိုမျက်ကွယ်ပြု၍ ပြည်ထောင်စုပြိုကွဲအောင် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဖြစ်ချင်သည်များကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်သည်များကို ပြည်ထောင်စုအကျိုးမြော်တွေး၍ ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်သင့်သည်။ မတူညီသည့်ရည်မှန်းချက်များကို တူညီသည့်ဘုံရည်မှန်းချက်များအဖြစ် ပြောင်းလဲပြီး ပြည်ထောင်စုကြီးအကျိုး၊ တိုင်းရင်းသားပြည်သူအားလုံး၏အကျိုးကို ရှေးရှုကာ အားလုံးပါဝင်လက်တွဲဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
ယခုအခါ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်အကုန် ၂၀၂၆ ခုနှစ်အကူးတွင် ဒီမိုကရေစီပထမစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ လာမည့်နှစ်သစ် ၂၀၂၆ ခုနှစ်တွင်ပေါ်ပေါက်လာမည့် ဒီမိုကရေစီအစိုးရသစ်နှင့် ပြည်သူများ ပူးပေါင်းပါဝင်လက်တွဲ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၃၃၉၅ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
