ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုမှန်းလျှင် လက်နက်ကိုင်လမ်းစဉ်စွန့်၍ ဥပဒေဘောင်အတွင်းဝင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 06, 2025
image_latest


ပစ္စက္ခကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများမှာ အတိုက်အခိုက်၊ အဖျက်အဆီးများကြားမှ ရှေ့သို့မှန်မှန်ရွေ့လျားနေသည်။ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရသစ်တစ်ရပ်နှင့်အတူ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်လည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများမှာလည်း အတော်ပင်ခရီးရောက်နေပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေးအပြောင်းအလဲတွင် CRPH၊ NUG တို့၏ ဝါဒဖြန့်သွေးထိုးလှုံ့ဆော်မှုများကို ယုံကြည်မိခဲ့ခြင်း၊ သို့မဟုတ် မိမိဘာသာမှန်ကန်သည်ဟု ယူဆခဲ့ခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီး PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ ပေါ်ပေါက်လာခဲ့သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ သမိုင်းကြောင်းကို ပြန်လေ့လာ ကြည့်မည်ဆိုပါက လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော် ၈၀ ခန့်ကာလအတွင်း မည်သည့်တောခိုလက်နက်ကိုင် အဖွဲ့အစည်းမှ ၎င်းတို့၏ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ခဲ့ခြင်း မရှိ၊ တစ်နည်းအားဖြင့် စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ပြုလုပ်ခဲ့ကြ သည့် လက်နက်ကိုင်လမ်းစဉ်တို့ အလုပ်မဖြစ်ခဲ့ကြသည်ကို တွေ့ရှိနိုင်သည်။

မိမိတို့နိုင်ငံတွင် ယခင်ရှိနေခဲ့သည့် EAO များအပြင် ၂၀၂၁ ခုနှစ်အတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များနှင့်အတူ ပြည်တွင်းဒေသအနှံ့အပြားတို့တွင် မတည်ငြိမ်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ၊ သတ်ဖြတ်ဖျက်ဆီးမှုများ ဖြစ်ပေါ်လာခဲ့ရာ အဓိကခံစားကြရသူများမှာ ဒေသခံပြည်သူများပင်ဖြစ်သည်။ ဒေသခံပြည်သူအများအပြားမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ အိမ်ရာနှင့်ပိုင်ဆိုင်ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးကြ ရသည့်အပြင် အသက်နှင့် ခြေလက်အင်္ဂါ ဆုံးရှုံးခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ကြရသည်။ နိုင်ငံအနေဖြင့်လည်း အခြေခံအဆောက် အအုံများအများအပြားပျက်စီးခဲ့ရသည်။ ထို့အပြင် နှစ်ဖက်တိုက် ခိုက်မှုများတွင် အသက်ဆုံးရှုံးခဲ့ရသူများမှာ မိမိနိုင်ငံသားများပင်ဖြစ်ရာ မည်သည့်ဘက်မှ ဆုံးရှုံးသည်ဖြစ်စေ နိုင်ငံ၏ဆုံးရှုံးမှုပင် ဖြစ်သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ကို ထုတ်ပြန်၍ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲကာ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန် လက်ကမ်းထားပြီဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည်။ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအတွက် ယခုဖိတ်ခေါ်ချက်သည် အမှောင်တွင်းသို့ ကျရောက်လာသည့် အလင်းတန်းတစ်ခုပင်ဖြစ်ပြီး ရရှိလာသည့်အခွင့်အရေးကို ဆုပ်ကိုင်ရယူနိုင်ခြင်းက သားရွှေအိုးထမ်းလာသည့် ကိန်းသဖွယ် ဇာတ်ပေါင်းခန်းလှပမည်ဖြစ်သည်။

PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေ ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျှော်မှန်းသည်ဟုဆိုလျှင် ယင်းမျှော်မှန်း ချက်အတွက် လက်နက်ကိုင်တိုက်ခိုက်နေရန်မလို။ နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင်နိုင်ငံရေးပါတီများ၏ မျှော်မှန်းချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ရာ ဥပဒေဘောင်အတွင်း တရားဝင်ဝင်ရောက်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ထမ်းဆောင်ကြရန်သာ ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၂၁၅ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download