ဒီမိုကရေစီရှေ့ခရီး မဝေးတော့ပြီ
ဒီမိုကရေစီရှေ့ခရီး မဝေးတော့ပြီ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် ရက်ပေါင်း(၁၀၀)အလိုသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်၊ ရွေးကောက်ပွဲစနစ်၊ မဲပေးပုံ စသည်ဖြင့် ထူးခြားသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည့် ရွေးကောက်ပွဲကြီးသည် မိမိတို့နိုင်ငံတော်ကြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်း နိုင်ရေးအတွက် အရေးကြီးသည့် ရွေးကောက်ပွဲကြီးဖြစ်သည်။
“ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း”
“ရွေးကောက်ခံမည့် ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူ ဖြစ်ရန်လိုကြောင်း” တို့ကို နိုင်ငံတော်အကြီးအကဲက ပြောကြားထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိကြသည်။
ဒီမိုကရေစီစနစ်ရှင်သန်ရေးအတွက် အဓိကကျသည့် အန္တရာယ်များတွင် ကိုယ်စားလှယ်ကောင်းများရွေးချယ်နိုင်ရေးအတွက် လုံလောက်သည့်ဉာဏ်ပညာ ပြည်သူများတွင်မရှိခြင်း၊ နိုင်ငံသားတို့၏အခွင့်အရေးနှင့် ရပိုင်ခွင့်များအပေါ် စိတ်ဝင်စားမှုမရှိခြင်း၊ ရွေးကောက်ပွဲများအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်း၊ ဒေသစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ စိတ်ဓာတ်များ ကြီးမားခြင်း စသည်တို့ပါဝင်ပြီး ပြည်သူများနှင့် သက်ဆိုင်သည့်အချက်များပင် ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအဖို့ လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲများတွင် မဲပေးခြင်းက နိုင်ငံသားအခွင့်အရေးတစ်ရပ်ကို ကျင့်သုံးခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သော မဲတစ်ပြားကို တန်ဖိုးထားကြရန်လိုပြီး မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်လောင်းသည် နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ ပြည်သူအကျိုးကို အမှန်တကယ်ထမ်းဆောင်နိုင်သူ ဖြစ်ရန်လိုသည်။ ဒီမိုကရေစီကို အလေးထား၍ ဖော်ဆောင်နိုင်သူ၊ နိုင်ငံ့အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူမျိုးကိုသာ ရွေးကောက်တင်မြှောက်ပေးနိုင်ကြရမည်ဖြစ်သည်။
ရွေးကောက်ပွဲနီးကပ်လာပြီး ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးချိန်တွင် ၎င်းတို့၏ အရည်အသွေး အရည်အချင်းတို့ကို မဲဆန္ဒရှင်များ အကဲခတ်လေ့လာခွင့်ရရှိနိုင်ကြမည် ဖြစ်သည်။ မဲဆွယ်စည်းရုံးချိန်သည် မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းတို့ မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရသည့် အခွင့်အရေးပင်ဖြစ်ပြီး မရှင်းလင်းသည့်အချက်အလက်များကို မေးမြန်းဆွေးနွေးနိုင်သည့် အချိန်အခါလည်းဖြစ်ရာ မိမိတို့ယုံကြည်သည့် ကိုယ်စားလှယ်လောင်းကို ချိန်ထိုးဆုံးဖြတ်နိုင်ရန် မဲဆွယ်ဟောပြောမှုတိုင်းကို တက်ရောက်နားထောင်ကြရမည် ဖြစ်သည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်းများသည် လုံလောက်သည့် ဉာဏ်ပညာနှင့် အမြော်အမြင်တို့ ရှိ မရှိ၊ ပြည်သူလူထုကို အမှန်တကယ် အလေးထားခြင်း ရှိ မရှိ၊ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားခြင်း ရှိ မရှိ၊ လက်တွေ့အကျိုးဖြစ်ထွန်းစေနိုင် မည့်မူဝါဒများနှင့် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ရှိ မရှိ စသည်တို့ကို ဆန်းစစ်ကြရန်လိုပြီး မစားရဝခမန်း အပြောများနှင့် လူပြိန်းအကြိုက်မဲဆွယ်သည့် လုပ်ရပ်မျိုးတို့ကို ဝေဖန်သုံးသပ်နိုင်ကြရမည်ဖြစ်သည်။
ရွေးကောက်ပွဲအလွန်ကာလတွင် ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်များ၊ အစိုးရအဖွဲ့တို့နှင့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ခရီးဆက်ကြရမည်ဖြစ်ရာ နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများကို နှလုံးရည်ပြည့်ဝစွာ ဉာဏ်ပညာဖြင့် ရွေးကောက်ရမည့်ချိန်ခါ မဝေးတော့ပြီဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၃၂၉၀ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download