ဒုတိယဝန်ကြီးဦး‌နေမျိုးလှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲစစ်ဆေး နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ဟဲဟိုးမြို့ အမှတ် (၆) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်မိရပ်ဖများ၊ အကျိုးတော်ဆောင်များနှင့် တွေ့ဆုံရာ ကျောင်းသား ကျောင်းသူများ ပညာတတ်လူတော်လူကောင်းများ ဖြစ်လာစေရေးအတွက် ဆရာ ဆရာမများသာမက ကျောင်းအကျိုး‌တော်ဆောင်များ၊ ရပ်မိ ရပ်ဖများကပါ ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများအား အတန်းပညာတတ်မြောက်အောင် ပညာသင်ကြားပေးရုံသာမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ရိုးရာယဉ်ကျေးမှုအစဉ်အလာကို မြတ်နိုးတန်ဖိုးထားသူများဖြစ်အောင် ပြုစုပျိုး‌ထောင်ပေး‌ကြရမည့်အပြင် ဆရာ ဆရာမများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကျောင်း၏ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် သရက်ပုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ အောင်ပန်းမြို့ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အလက(၂) တို့သို့ သွားရောက် ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် အောင်ပန်းမြို့ ရေချိုရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ကလောမြို့ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွား‌ရောက်၍ ကျောင်းအတွင်း‌ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းစာကြည့်တိုက်များ စနစ်တကျထားရှိ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေ၊ စာသင်‌ဆောင်၊ ကျောင်းဆောင်နှင့် ကျောင်းဘောလုံးကွင်းမြေသားလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးမြောက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၃ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download