ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေကြသည့် ကုမ္ပဏီများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေကြသည့် ကုမ္ပဏီများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 02, 2026
နေပြည်တော် မတ် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သာကေတမြို့နယ် မြခွာညိုလမ်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေကြသည့် ငွေရည်ပုလဲကုမ္ပဏီ၊ သိန်းထွန်းအောင် ကုမ္ပဏီနှင့် ဒဂုံတောင်ပိုင်းမြို့နယ်ရှိ သီရိမြင့်မြတ် ကုမ္ပဏီတို့ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေးနှင့် မီးဘေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန၌ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆင်းရွှေကြာ(၂)မျိုး မြှင့်တင်ခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အသုံးချနည်းပညာဆိုင်ရာ သုတေသနများအပါအဝင် တောင်သူများအတွက် တိုက်ရိုက်အကျိုးရှိစေမည့် သုတေသနလုပ်ငန်းများကို ဦးစားပေးအလိုက် တိုးမြှင့်ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန လေးထောင့်ကန်ငါးလုပ်ငန်းစခန်း၌ ရှားပါးလာသည့် တိုင်းရင်းငါးမျိုး စိတ်များဖြစ်သည့် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ရေချိုငါးမုတ်နှင့် ငါးတန်သုတေသနပြုသားဖောက်နေမှု၊ ဆေးထိုးသားဖောက်ရာသီတွင် ငါးဆေးထိုးသားဖောက်သင်တန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးမျိုးကောင်းမျိုးသန့်များကို တိုးတက်ဖြန့်ဖြူးထုတ်လုပ်ကြရန်၊ ငါးသားပေါက်များနှင့် မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ ဖြန့်ဖြူးပေးကြရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားအောင် လေ့ကျင့်ပေးပြီး စခန်း၏ ငါးသားပေါက်နှင့် ဝင်ငွေလျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သူစက်မှုဇုန် ၄ ရှိ မြင့်မြတ်အားမာန်ငါးလုပ်ငန်းကုမ္ပဏီ ရေချို၊ ရေငန်ငါး ပြင်ပအပ်ကုန်များအား လက်ခံဆောင်ရွက်ပေးနေမှု၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့နေမှုနှင့် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁)ရှိ HELIANTHUS TRADING CO.,LTD. ၌ မွေးမြူထွက်ရှိသော ကဏန်းပျော့များကို ပြုပြင်ထုတ်လုပ်လျက် HACCP စနစ် နှင့်အညီ အမေရိကန်၊ ဩစတေးလျ၊ တရုတ်အစရှိသော နိုင်ငံများသို့ တင်ပို့နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၇ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
