ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများနှင့် တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 21, 2026
image_latest


နေပြည်တော် မတ် ၂၀

ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်သည် မော်လမြိုင်တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မော်လမြိုင်ပညာရေးဒီဂရီ ကောလိပ်ကို ဆရာအတတ်ပညာ တက္ကသိုလ်အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေး၊ ဆရာတိုးချဲ့ခန့်ထားရေး၊ ဆရာ အရည်အသွေးမြှင့်တင်ရေး၊ တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံ (ပညာရေး) ဘွဲ့စာမေးပွဲများကို ထူးချွန်စွာအောင်မြင်သူများသည် မဟာဝိဇ္ဇာ/မဟာသိပ္ပံ(ပညာရေး) ဘွဲ့သင်တန်းများသို့ ဆက်လက်တက်ရောက်ကာ အထက်တန်းပြ ဆရာ ဆရာမများဖြစ်လာနိုင်သည့် လမ်းကြောင်းကို ကျောင်းသား ကျောင်းသူများအား အသိပေးပြီး ကြိုးစားသင်ယူ လေ့လာထားကြရန် တိုက်တွန်းအားပေးကြစေလိုပါကြောင်း၊ ယနေ့ခေတ်ကာလ တွင် ငယ်ရွယ်သူ ဆရာ ဆရာမများမှာ လူမှုကွန်ရက်တွင် ကျောင်းဝတ်စုံများဖြင့် ထုတ်လွှင့်မှုမျိုးစုံ ပြုလုပ်လာကြသည်ကို တွေ့မြင်နေကြရပါကြောင်း။

ပညာရေးတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များသည် အခြေခံပညာ ဆရာဆရာမလောင်းများကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရာ ဌာနကြီးများဖြစ်သည့် အားလျော်စွာ မိမိတပည့်များကို ဆရာ ဆရာမ ကျင့်ဝတ်၊ ဂုဏ်သိက္ခာနှင့်အညီ ပြုမူ၊ ပြောဆို၊ နေထိုင်၊ လုပ်ကိုင်တတ်စေရေးအတွက် ပညာရေးသဘောတရား ဘာသာရပ်တွင် သာမက ကျန်ဘာသာရပ်များကို သင်ကြားချိန်တွင်လည်း အလျဉ်းသင့်သလို ထည့်သွင်းပြောဆို သွန်သင်ဆုံးမပေးကြစေလိုပါကြောင်း၊ ကျောင်းရှေ့စုဝေးကွင်းတွင် နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း အလေ့အကျင့်ကောင်းများကို မပျက်မကွက် လေ့ကျင့်ပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပညာရေးဒီဂရီကောလိပ်တိုင်းတွင် အားကစားကွင်းရှိစေရေး စီမံဖြည့်ဆည်းပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ အားကစားနှင့်ကာယ၊ ပြေးခုန်ပစ်ကစားနည်း မျိုးစုံ ကစားနိုင်စေရေး ကျောင်းအုပ်ကြီးများက စီမံခန့်ခွဲပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပညာရေးဒီဂရီ ကောလိပ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၆ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download