ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် မန္တလေးနန်းမြို့ရိုး ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် မန္တလေးနန်းမြို့ရိုး ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 24, 2025
မန္တလေး ဒီဇင်ဘာ ၂၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံသည် ဒီဇင်ဘာ ၂၁ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်) အား ACM Co.,Ltd မှ ပြုပြင်ထိန်းသိမ်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အမျိုးသားပြတိုက် (နေပြည်တော်) ရှိ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနု သုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်းတို့ ပြုပြင်ထိန်းသိမ်းနေမှုများကို စစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြခန်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ ပြခန်းများ ပြုပြင်ပြီးစီးပါက ပြတိုက်ဝန်ထမ်းများမှ ပြခန်းများ ပြန်လည်ခင်းကျင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားသည်။
ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ A ဆောင်၊ B ဆောင်ရှိ e-library ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်း၊ C ဆောင်တို့ကို Moon Rays Co.,Ltd မှ ပြုပြင် ထိန်းသိမ်းနေမှုများကို စစ်ဆေးပြီး စာကြည့်တိုက်ရှိ အဆောင်များအား မကြာမီပြန်လည်ဖွင့်လှစ်နိုင်အောင်၊ စာအုပ်စာတမ်းများကို စနစ်တကျ ပြန်လည်ဖတ်ရှုနိုင်အောင် ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားသည်။
ဒီဇင်ဘာ ၂၂ ရက်ကလည်း ဒုတိယဝန်ကြီးသည် မန္တလေးမြို့သို့ ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် Max Trust Co.,Ltd မှ ဆောင်ရွက်သည့် အရှေ့ဘက်မြို့ရိုး၊ သူရဲခို၊ ဦးထိပ်ပြာသာဒ်နှင့် ထောင့်၂ ကြား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ဦးထိပ်နှင့်ပြ ငါးကြား ပြုပြင် ထိန်းသိမ်းနေသည့် လုပ်ငန်းများကိုလည်းကောင်း၊ အမှတ်(၉၅၁)ဆောက်လုပ်ရေးတပ်ခွဲအင်ဂျင်နီယာမှ ဆောင်ရွက်သည့် ဦးထိပ်၊ သောင်းညွန့်၊ ကျော်မိုး၊ ပြ ၁၀ ပြာသာဒ်ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုး ထောင့် ၂ နှင့် ပြ ၁၀ ကြား ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးရှိ ပြ ၁၀ နှင့် ပြ ၁၁ ကြား(ပြ ၁၁ အပါ) ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးရှိ ပြ ၁၁ နှင့် ပြ ၁၃ ကြားပြုပြင်ခြင်းလုပ်ငန်းတို့အနက် တောင်ဘက်မြို့ရိုး အုတ်နံရံထိန်းသိမ်းခြင်း လုပ်ငန်း၊ ပြ ၁၀ နှင့် ပြ၁၁နှင့် ကျော်မိုးပြာသာဒ် ပြုပြင်ထိန်းသိမ်းနေသည့်လုပ်ငန်းများကိုလည်းကောင်း၊ ကောင်းမြတ်အောင် ကျော်ကုမ္ပဏီမှ ဆောင်ရွက်နေသည့် စည်သာပြာသာဒ်ပြုပြင်ထိန်းသိမ်းခြင်း၊ လွန်ကဲပြာသာဒ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်းကောင်း အသေးစိတ်လိုက်လံကြည့်ရှုပြီး နန်းမြို့ရိုး၏ အောက်ခြေတွင် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရန်၊ မူလမြို့ရိုးနှင့် မြို့ရိုးအသစ် မျက်နှာပြင်ညီညာအောင် ဆောင်ရွက်ရန်၊ ပြာသာဒ်များရှိ တိမ်းစောင်းနေသော မှန်ကင်းတိုင်များကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ရန်၊ ပြအိုးများရှိ ကြာမှောက်ကြာလှန်များ၊ ဖောင်းရစ်များကို ညီညာအောင် ဆောင်ရွက်သွားရန်၊ ရတနာပုံနန်းမြို့ရိုးသည် မန္တလေးမြို့၏ အထင်ကရယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့်အတွက် ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန်၊ ပြုပြင် ထိန်းသိမ်းရာတွင်လည်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍများအလိုက် အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၈၉ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
