ဒုတိယဝန်ကြီး ဦးဌေးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံရသည့်ဌာနမှဝန်ထမ်းများ Container Office များဖြင့် ယာယီရုံးများဖွင့်လှစ်ကာ လုပ်ငန်းများဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
ဒုတိယဝန်ကြီး ဦးဌေးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံရသည့်ဌာနမှဝန်ထမ်းများ Container Office များဖြင့် ယာယီရုံးများဖွင့်လှစ်ကာ လုပ်ငန်းများဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 31, 2025

နေပြည်တော် မေ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီးအတွင်း၌ မြေငလျင်ဒဏ်ခံရသည့်ဌာနမှ ဝန်ထမ်းများယာယီနေထိုင်မှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှုအခြေ အနေများနှင့် Container House ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ မန္တလေးတိုင်းဒေသကြီး စုပေါင်းရုံးရှိ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ငလျင်ဒဏ်ခံရသည့် မန္တလေးတိုင်းဒေသကြီးရှိ ဌာနမှဝန်ထမ်းများအတွက် စား သောက်ဖွယ်ရာပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကာ စုပေါင်းရုံးဝင်းအတွင်း၌ Container Office ဖြင့် ယာယီရုံးဖွင့်လှစ်ဆောင်ရွက် နေသည့် စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံး၏ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဟာ အောင်မြေခရိုင်ဦးစီးမှူးရုံး၌ Container Office တွင် ယာယီရုံးဖွင့်လှစ်၍ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ရုံးအဆောက်အအုံပျက်စီးမှု၊ ယာယီတဲများဖြင့် နေထိုင်နေမှုအခြေအနေကိုလည်းကောင်း၊ မဟာအောင်မြေမြို့နယ် ဦးစီးမှူးရုံး၌ ယာယီရုံးဖွင့်လှစ်ကာ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်ဦးစီးမှူးရုံး၌ Container Office ဖြင့် ယာယီရုံးဖွင့်လှစ်ကာ ဒေသခံပြည်သူများအား လုပ်ငန်းများ စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံး၌ Container Office ဖြင့် ယာယီရုံးဖွင့်လှစ် ဆောင်ရွက် နေမှုကိုလည်းကောင်း၊ ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံး၌ Container Office ဖြင့် ယာယီရုံး ဖွင့်လှစ်ဆောင်ရွက် နေမှုနှင့် ရုံးပျက်စီးမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများလာရောက် ဆောင်ရွက်ကြသည့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍ ပြည်သူများအပေါ် မှန်ကန်မြန်ဆန်စွာ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ လုပ်ငန်းများမလိုအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး အတွက် အလေးထားဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၈၁ ခု

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။
