ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 01, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်း ပြန်လည်ပြုပြင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဓာတ်လှေကားများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ VIP အထူးတန်း ပွဲကြည့် စင်မှန်များနှင့် မီးလိုင်းများ ပြန်လည်ပြုပြင်တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း၊ ဘောလုံးကွင်း မီတာ ၄၀၀ Synthetic ပြေးလမ်း ခင်းကျင်းရန်အတွက် AC အလွှာ ခင်းကျင်းပြီးစီးမှု၊ မြက်ခင်းပြင် စိမ်းလန်းစိုပြည်စေရေးအတွက် ရေဖျန်းစနစ်တပ်ဆင်ထားရှိမှုကို လည်းကောင်း၊ အားကစားသမား နားနေခန်း၊ အဝတ်လဲခန်း၊ ဒိုင်လူကြီးများနားနေခန်း၊ သန့်စင်ခန်းအုတ်နံရံနှင့် နံရံပလာစတာများ ပြန်လည်ဖာထေးပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) မျက်နှာစာရှိ ကားပတ်လမ်း ပြန်လည်ခင်းကျင်းပြီးစီးမှု၊ ရုံအတွင်းဘက် အုတ်နံရံနှင့် ပွဲကြည့်စင်ပြန်လည်ပြုပြင်ပြီးစီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိရေကူးကန် မီတာ ၅၀ ပြိုင်ပွဲသုံး ရေကူးကန်နှင့် ဒိုင်ဗင်ကန် ပြန်လည်ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးစေရေးနှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သော ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းမြက်ခင်းပြင် ပြန်လည်စိုက်ပျိုးပြီးစီးမှု၊ ရေဖျန်းစနစ်တပ်ဆင်ပြီးစီးမှုနှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် ပြန်လည်ခင်းကျင်းပြီးစီးမှုကိုလည်းကောင်း၊ ပေ(၄၈၀x၆၀) အနောက်ဘက် အထူးတန်း ပွဲကြည့်စင်နှင့် ပေ (၁၈၀x၁၅၀) မိုးလုံလေလုံအားကစားရုံရှေ့မျက်နှာစာ Composite အပြားများ တပ်ဆင်ပြီးစီးမှု၊ ပွဲကြည့်စင် များနှင့် နံရံများပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ LED ဘုတ်ပြားပြုပြင်ပြီးစီးမှု၊ ရေလိုင်း မီးလိုင်းများ ပြန်လည်ပြုပြင်တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီသည့် Synthetic ပြေးလမ်းပါ ဘောလုံးကွင်း ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးခရိုင်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်အားကစားကွင်း မြေသားပြေးလမ်းခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း၊ ဘောလုံးကွင်းကြမ်း ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ငါးရိုးရေစိမ့်မြောင်းထည့်သွင်းပြီးစီးမှု၊ လေးလက်မ ကျောက်ခင်းခြင်းနှင့် အတွင်းရေနုတ်မြောင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ဂါလန် ၈၀၀၀၀ ဆံ့ ရေစုကန် (Ground Water Tank) မြေတူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် 100 KVA Transformer တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၆ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
