ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 24, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တာမွေမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရန်၊ သန့်ရှင်းသာယာရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ကျောင်းသား ကျောင်းသူများကို ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်သွားရန်လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို ပညာတတ်မြောက်စေရန်သာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနှင့် ကင်းကွာနေသည့် လူငယ်များကို ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြစ်သည့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)၊ ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME)အစီအစဉ်ဖြင့် ဒုတိယအကြိမ် ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် သတ်မှတ်ချက်များနှင့်အညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းစာကြည့်တိုက်များကို ကျောင်းသား ကျောင်းသူများ အမှန်တကယ် အကျိုးရှိ ထိရောက်အောင် အသုံးပြုကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အသိပညာများတိုးပွားလာစေရေး စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန် လိုပါကြောင်း၊ ကျောင်းရှိအားကစားရုံ၊ ဘောလုံးအားကစားကွင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်၍ အကျိုးရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် သင်္ဃန်းကျွန်းမြို့နယ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း(သုဝဏ္ဏ)၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကိုလည်းကောင်း၊ ကျောင်းအတွင်း သင်ကြားသင်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် စိုက်ပျိုးရေးလက်တွေ့သင်ခန်းစာများကို ကျောင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့် (KG+9) ကို မသင်မနေရအဆင့်သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့လာမည့်ပညာသင်နှစ်မှစတင်၍ အခြေခံပညာအလယ်တန်းအဆင့်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံဗဟုသုတများသင်ကြားပေးရန် စီစဉ်နေကြောင်း၊ ယခုတက်ရောက်သင်ကြားနေသော စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းသားများအနေဖြင့် G12 ဖြေဆိုပြီးမြောက်ချိန်တွင် ရရှိလာသည့် အဆင့်သတ်မှတ်ချက်များအရ အဆင့်မြင့်တက္ကသိုလ်များ သက်မွေးပညာသင်နေရာများ၊ လုပ်ငန်းခွင်နေရာများ စသည်ဖြင့် အသီးသီးရောက်ရှိသွားကြမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ရည်မှန်းချက်ထားရှိ ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် လက်တွေ့သင်ခန်းစာများပို့ချရာတွင် ထိရောက်ကောင်းမွန်မည့် သင်ကြားရေးနည်းစနစ်များ အသုံးပြုစေလိုပါကြောင်းပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၆ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download