ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်ရှိ စာစစ်ဌာနများသို့သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2026
image_latest


နေပြည်တော် မတ် ၁၃

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၏ အုပ်ထိန်းသူများနှင့် လိုက်ပါပို့ဆောင်အားပေးကြသည့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူဆရာ ဆရာမများကို တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများ​၏ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ စာမေးပွဲခန်းကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် တာဝန်ကျသည့် ဆရာ ဆရာမများကို ချီးမြှင့်ထောက်ပံ့ငွေပေးအပ်သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုတို့ကို ကြည့်ရှုအားပေး၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နောင်ချိုမြို့နယ် ဆင်လမ်းစုရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များကို တွေ့ဆုံကာ စာသင်ဆောင်၊ သိပ္ပံဆောင်တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများဖြင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ရေး၊ ကျောင်းအားကစားကွင်းကို စံကိုက်အားကစားကွင်းဖြစ်အောင် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ကျောင်းစာကြည့်တိုက်များကိုလည်း အကျိုးရှိ ထိရောက်အောင် အသုံးပြုဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြား၍ ဆရာ ဆရာမများကို ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုနောက် ပြင်ဦးလွင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မျက်မမြင်၊ မသန်စွမ်းကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားကာ တာဝန်ရှိသူများ​၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၉ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download