ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ရှမ်းပြည်နယ် (တောင်ပိုင်း)မိုင်းပန်ဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ရှမ်းပြည်နယ် (တောင်ပိုင်း)မိုင်းပန်ဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / November 05, 2025
နေပြည်တော်၊ အောက်တိုဘာလ (၂၈) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်း တွင် မိုင်းပန်မြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(Destination Management Organization- DMO)များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပါသည်။
တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ် ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာ ပိုင်ဆိုင်ထားရှိပါကြောင်း၊ ယင်းဒေသများ၊ ခရီးသွား ဆွဲဆောင်ရာနေရာများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ် ကြစေရေးအတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းပန်မြို့ သည် တောင်ပေါ်ဒေသ ဖြစ်သောကြောင့် တောင်တန်းဒေသဆိုင်ရာခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး အခြေပြုခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး မိုင်းပန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြား ပါသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ခရီးသွားလုပ်ငန်းတိုးတက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ တွေ့ကြုံနေရသည့်အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြ ကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မိုင်းပန်မြို့၊ ကျေးရွာများရှိ စာသင်ကျောင်းများမှ တာဝန်ရှိသူ ဆရာ/ဆရာမများထံသို့ MRTV DVB - T2 Set Top Box များနှင့်သုတရသဆိုင်ရာ စာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မိုင်းပန်မြို့အနီးရှိ ကျေးရွာ (၁၈) ရွာမှ ကျေးရွာ အုပ်စု၊အုပ်ချုပ်ရေးမှူးများထံသို့လည်း MRTV DVB - T2 Set Top Box များကိုကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့ လည်းကောင်းပေးအပ်သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မိုင်းပန်မြို့အတွင်းရှိ စာသင်ကျောင်းများနှင့်ဌာနဆိုင်ရာ များသို့သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ဆရာ/ဆရာမများနှင့်ဌာနဆိုင်ရာဝန်ထမ်းများကို အားပေး စကား ပြောကြားကာလိုအပ်သည်များမှာကြား၍ မေတ္တာလက်ဆောင်မွန်များ ပေးအပ်ခဲ့ပါသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံသို့ ကျန်းမာရေးအထောက်အကူပြုဆေးပစ္စည်းများနှင့် ဆေးဝါးများထောက်ပံ့ပေးအပ်ပြီး ဆေးရုံတွင် တက်ရောက်ကုသနေသောလူနာများအား တွေ့ဆုံအားပေး စကားပြောကြားကာ လူနာ (၁)ဦးချင်းအတွက် ထောက်ပံ့ငွေများနှင့်အဟာရကျွေးမွေးရေးအတွက် ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source From:MyanmarAlinn
သတင်းစာများ - ၃၃၃၉ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
