ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၂၀၂၅ခုနှစ်အတွက် စားရေရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးဆိုင်ရာညီလာခံသို့ တက်ရောက်
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၂၀၂၅ခုနှစ်အတွက် စားရေရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးဆိုင်ရာညီလာခံသို့ တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 18, 2025

နေပြည်တော် အောက်တိုဘာ ၁၇
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟဲနန်ပြည်နယ်ကျန်းကျိုးမြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်အတွက် စားရေရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေရေးဆိုင်ရာ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့် လည်းကောင်း၊ ဟဲနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Li Zhou နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်များ သုတေသနပြုထုတ်လုပ်နိုင်ရေး၊ မြန်မာနိုင်ငံတွင် အဆင့်မြင့်နည်းပညာများ ပေါင်းစပ်အသုံးပြုနိုင်သည့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်၍ ပိုမိုတွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဆည်မြောင်းနှင့် ရေပေးဝေမှုနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်ဂျင်နီယာဆိုင်ရာ နည်းပညာများ၊ စိုက်ပျိုးရေး နည်းပညာများ ပူးပေါင်းဖလှယ်မှုအစီအစဉ်အရ နည်းပညာဆွေးနွေးပွဲများ၊ သင်တန်းများ ပိုမိုပို့ချပေးနိုင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ ဆည်မြောင်းနှင့်ရေအရင်းအမြစ် ကဏ္ဍများနှင့် ပတ်သက်သည့် ဘာသာရပ်များတွင် ဒီပလိုမာနှင့်ဘွဲ့လွန်ဒီဂရီ ပညာသင်ဆုများ ဆည်းပူးနိုင်ရေး ပိုမိုဆောင်ရွက်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ညနေပိုင်းတွင် ဟဲနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော် အမြဲတမ်း ကော်မတီဥက္ကဋ္ဌက တက်ရောက်လာသော အာဆီယံနိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီးပါတီကော်မတီ အတွင်းရေးမှူး တည်းခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် စားရေ ရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေးဆိုင်ရာ ညီလာခံကျင်းပမည့် Zhengzhou International Convention and Exhibition Center ၌ ခင်းကျင်းပြသထားသော ပြခန်းများအားလေ့လာပြီး ညီလာခံတွင် အမှာစကားပြောကြားရာ တွင် “ဒစ်ဂျစ်တယ်နည်းပညာဖြင့် စားရေရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုဖြင့် ဒေသတွင်းတိုးတက်မှု” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပ သည့် ယနေ့ညီလာခံသည် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုသည့် အာဆီယံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစေရန် မဏ္ဍိုင်သုံးခုဖြစ်သည့် (က) မူဝါဒဆိုင်ရာဆွေးနွေးမှုနှင့် နည်းပညာဖလှယ်ခြင်း၊ (ခ) ပူးပေါင်းဆန်းသစ်တီထွင်မှု သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) စျေးကွက်ပေါင်းစည်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ စေရေးတို့အပေါ် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအခြေခံကောင်းနှင့် စိုက်ပျိုးနည်းပညာတီထွင် ဆန်းသစ်မှုများရှိသော ဟဲနန်ပြည်နယ်သည် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဒေသကောင်း၊ နေရာကောင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ခေတ်မီစနစ်ကျသည့် စိုက်ပျိုးရေးကို မြှင့်တင်ဆောင် ရွက်ရာတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပါကြောင်း၊ ဒေသအလိုက် ကိုက်ညီဆီလျော်အောင်စားရေရိက္ခာ ဖူလုံရေးအတွက် ဖြေရှင်းသည့် နည်းလမ်းများကို အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းကြိုးပမ်းမှုများအတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် Seminar on ASEAN- China (Henan) Smart Agriculture Development Exchanges သို့ ပါဝင်တက်ရောက်ပြီး ကျန်းကျိုးမြို့ မြို့တော်ဝန်နှင့်တွေ့ဆုံ၍ ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။
အောက်တိုဘာ ၁၄ ရက်တွင် ဒုတိယဝန်ကြီးသည် ဟဲနန်ပြည်နယ် ချင်းရှန့် (Xinxing) မြို့ရှိ ဟဲနန်စိုက်ပျိုးရေးနှင့်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုအဖွဲ့ပိုင် Central-China Agricultural Valley ရှိ သုတေသနဆောင်ရွက်မှုလုပ်ငန်းများနှင့် မှန်လုံအိမ်အတွင်း စိုက်ပျိုး ထားသော သုတေသနစိုက်ခင်းများကို လေ့လာကြည့်ရှုခဲ့သည်။ သုတေသနစင်တာတွင် အဓိက လုပ်ငန်းရှစ်ခုဖြစ်သော နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ၊ မှို၊ ပန်းမန်များ၊ တိုင်းရင်းဆေးဖက်ဝင်အပင်များ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့် ရေထွက်ကုန် မွေးမြူရေးလုပ်ငန်းများအား သုတေသနပြု ဆောင်ရွက်လျက်ရှိပြီး ဂျုံနှင့် ပဲပုပ်သီးနှံဖွံ့ဖြိုးတိုးတက် ရေးအား အဓိကသုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ကျန်းကျိုးမြို့ရှိ ဆန်ကွမ်း(Sanquan) အစားအသောက် ထုတ်လုပ်မှုကုမ္ပဏီတွင် အစားအသောက်များ ထုတ်လုပ်နေမှုနှင့် သုတေသနဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ပြီး အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် မြစ်ဝါမြစ်မှ ကျန်းကျိုးဒေသအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေခြင်း လုပ်ငန်းစီမံဆောင်ရွက်ထားမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၁ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download