ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့်အိမ်ရာများ၌ ဝန်ထမ်းများ ပြန်လည်နေထိုင်မှု ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 27, 2025
image_latest


နေပြည်တော် ဧပြီ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်ဂျင်နီယာအဖွဲ့များနှင့်အတူ သက်ဆိုင်ရာက စစ်ဆေး၍ အပြာရောင်အဆင့် သတ်မှတ်ချက်ဖြင့် ပြန်လည်နေထိုင်ခွင့်ပြုထားသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စံပယ်အိမ်ရာသို့သွားရောက်ပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံကာ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှု၊ အသေးစားပြင်ဆင်ပေးရမည့် လုပ်ငန်းများ ရှိ၊ မရှိ၊ ခွဲဝေရရှိသော အခန်းနှင့် နေထိုင်သည့် ဝန်ထမ်းဦးရေ ကိုက်ညီမှု ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် သဇင်(၁)၊ သဇင်(၂)၊ သဇင်(၄) အပျိုဆောင်များတွင် အဆောင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ သဇင်(၅)နှင့် သပြေ(၄) လူပျိုဆောင်များကိုလည်းကောင်း၊ သဇင်(၆)၊ သဇင်(၇)နှင့် သပြေ(၂) အပျိုဆောင်များကိုလည်းကောင်း၊ အင်ကြင်းအိမ်ရာနှင့် ဘူးကွဲအိမ်ရာရှိ တိုက်ခန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အိမ်ရာများတွင် ယုံကြည်စိတ်ချစွာ နေထိုင်နိုင်ရေးအတွက် အင်ဂျင်နီယာစစ်ဆေးချက်များကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ပေးသည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ဆောက်လုပ်ပြီးစီးသော ဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ နေရာချထားမှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စီစဉ်ဆောင်ရွက်ပေးမှု၊ ရုံးတက်ရုံးဆင်း ဖယ်ရီကား စီစဉ်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ယာယီနေထိုင်စဉ်ကာလအတွင်း လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ အဆင့်ဆင့်သတင်းပို့ ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၃ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download