ဒုတိယဝန်ကြီး ဦးမြင့်စိုး ငလျင်ဒဏ်သင့်အင်းလေးဒေသ ကေလာ၊ ဇရပ်ကြီး၊ အင်းပေါခုံကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 17, 2025
image_latest


နေပြည်တော် မေ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့ နယ် Jetty လှေဆိပ်သို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချ၍ သောက်သုံးရေဖြန့်ဝေပေးနေမှု ကိုကြည့်ရှုစစ်ဆေးသည်။ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ အင်းလေးဒေသရှိ ကျေးရွာ ၄၅ ရွာအား သောက်သုံးရေဖြန့်ဝေပေးခဲ့ရာ ယနေ့ချိန်အထိ ရေဂါလန် ၇၉၆၀၀ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် ကေလာကျေးရွာသို့ သွားရောက်ပြီး ငလျင်ဒဏ်သင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံအားပေးစကား ပြောကြားကာ တစ်ကိုယ်ရေသုံး ပစ္စည်းအစုံ ၂၀၀၊ ရေသန့်ဆေးပြား အထုပ် ၄၀၊ ရေပုံးအလုံး ၉၀ ပေးအပ်ကြပြီး ငလျင်ဘေးသင့် ကေလာအထက်တန်းကျောင်းခွဲ ကျောင်းဖွင့်ချိန်အမီ ယာယီ ကျောင်းဆောင် ပြန်လည်တည် ဆောက်နေမှုကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ သောက်ရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ဆင်ပေးခဲ့သော သောက်ရေသန့်စက်ကို လည်းကောင်း၊ ယာယီဆေးရုံဖွင့်လှစ်၍ ကုသပေးနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်အတူ ဆောင်ရွက်လိုသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့် အခြေခံကိန်းဂဏန်းအချက်အလက် များမှန်ကန်စွာ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း ၄၀ က အဖွဲ့ ၁၀ ဖွဲ့ခွဲ၍ ကျေးရွာအလိုက် စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် မြကေလာကျောင်းတိုက်သို့ သွားရောက်၍ UNICEF မှ Pilot Project အနေဖြင့် စမ်းသပ်ဆောင်ရွက်ပေးထား သော Bio Septic Tank Mobile Toilet ကို ကြည့်ရှုစစ်ဆေးပြီး UNICEF ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍လိုအပ်သည်များ ညှိနှိုင်း ဆွေးနွေးသည်။ ဆက်လက်၍ နေအိမ်များ ပြန်လည်တည် ဆောက်နေစဉ် ယာယီပြောင်းရွှေ့ နေထိုင်သော မိသားစုများကို တွေ့ဆုံအားပေးကာ ကေလာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသော သောက်ရေသန့်စက်နှင့် သောက်သုံးရေသန့်ဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဇရပ်ကြီးကျေးရွာသို့ သွားရောက်၍ ကျေးရွာလူထု နှင့်တွေ့ဆုံ အားပေးစကား ပြောကြားကာ တစ်ကိုယ်ရေသုံးပစ္စည်းအစုံ ၆၀၊ ရေသန့်ဆေးပြားအထုပ် ၁၀ ထုပ်၊ ရေပုံး ၂၅ ပုံး ပေးအပ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eco Care ကုမ္ပဏီ တို့ ပူးပေါင်း၍ ကျေးရွာသောက်သုံးရေရရှိရေးအတွက် နှစ်မိုင်ခန့်ကွာဝေးသော အင်ကြင်းကုန်းရွာ စက်ရေတွင်းမှအင်းလေးကန်ကို ဖြတ်၍ GI ရေပိုက်လိုင်းသွယ်တန်းပေး ထားမှုကိုလည်းကောင်း၊ ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ယာယီကျောင်းဆောင် ပြန်လည်တည်ဆောက်နေမှုကို လည်း ကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက်အင်းပေါခုံ ခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာလူထုနှင့် တွေ့ဆုံအားပေး စကားပြောကြားကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တစ်ကိုယ်ရေသုံးပစ္စည်း အစုံ ၉၀၊ ရေသန့်ဆေးပြားအထုပ် ၂၀၊ ရေပုံးအလုံး ၅၀ ပေးအပ်ခဲ့သည်။

မန္တလေးငလျင်ကြီးကြောင့် အင်းလေးဒေသရှိ ကျေးရွာပေါင်း ၈၂ ရွာ၊ အိမ်ခြေပေါင်း ၃၀၁၈ အိမ် ဘေးသင့်ခဲ့ရာ နိုင်ငံတော်အကြီးအကဲက အင်းလေးဒေသရှိ ငလျင်ဘေးသင့်ပြည်သူများ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

ယင်းလမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှိဌာနဆိုင်ရာများ၊ အလှူရှင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပျဉ်ထောင်အိမ်နှင့် ဝါးအိမ် ၃၆ လုံးကို အသစ်တည်ဆောက်၍ လည်းကောင်း၊ အုတ်ညှပ်နှင့် ပျဉ်ထောင်အိမ်၊ ဝါးအိမ် ၄၈၅ လုံးကို ပြန်လည်ပြုပြင်၍လည်းကောင်း စုစုပေါင်း ၅၂၁ လုံး ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ပြီး လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် ဝါးအလုံးရေ ၁၁၇၆၃ လုံး ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၈၀ ခု

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download