ဒုတိယဝန်ကြီး ဦးရဲတင့် ရေကူးအသံလွှင့်စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးရဲတင့် ရေကူးအသံလွှင့်စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 02, 2026
ရန်ကုန် မတ် ၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေကူးအသံလွှင့် စက်ရုံနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံမှူးက ရေကူးအသံလွှင့်စက်ရုံ၌ ရေကူးအသံလွှင့်စက်ရုံအမှတ်(၁)နှင့် အမှတ်(၂)၏ အသံလွှင့်စက်ခန်းများ၊ ပင်မအစီအစဉ်ထုတ်လွှင့်နေသော MW၊ SW လွှင့်စက်များ၊ စက်ရုံအတွင်း မီးဘေးလုံခြုံရေးနှင့် လုံခြုံရေးအစီအမံထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ပစ္စည်းများ ရေရှည်အသုံး ပြုနိုင်ရန်အတွက် ဂရုပြုဆောင်ရွက်ရန်၊ ထုတ်လွှင့်မှုမပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အသံလွှင့်စက်ရုံဝင်းအတွင်း စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရန်နှင့် စက်ရုံ၏ မီးဘေးလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် အသံလွှင့်စက်ခန်းများ၊ မီးဘေးလုံခြုံရေးပစ္စည်းများထားရှိမှု၊ မီးသတ်ရေကန်၊ စက်ရုံဝင်းအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေးဖြစ်သည့် မီးတားလုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် ရေကူးအသံလွှင့်စက်ရုံရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ စည်းလုံးညီညွတ်စွာနေထိုင်ရေး၊ အိမ်ရာသန့်ရှင်းရေး မပြတ်ဆောင်ရွက်ရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုရေးမှာကြားသည်။
ထို့နောက် မင်္ဂလာတောင်ညွန့် မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ စာဆိုဗိမာန်သုံးထပ်အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုနှင့် အခန်းများစုဖွဲ့မှု၊ ပစ္စည်းများ ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၇ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
